Thursday, July 21, 2016

သန့်ရှင်းခြင်းပါရမီ



စာရေးသူအတွက်တော့ ဒီသန့်ရှင်းခြင်းပါရမီစာအုပ်မှာ အမှတ်ရစရာနှင့် သက်သေပေါင်း များစွာကို ရယူခဲ့ရတဲ့ စာအုပ်ဆိုလည်းမမှားပါဘူး။ ကျေးဇူးတော်ကြောင့် တစ်ကိုယ်ရည် ကျန်းမာရေးကို ရယူပိုင်ဆိုင်လိုလျှင်ဖြင့် တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုတာလည်း လိုအပ်ပါတယ်။ ဒီလိုပါပဲ ခရစ်ယာန်အသက်တာမှာ သန်စွမ်း၊ ကျန်းမာ၊ အင်အားအပြည့်ဖြင့် သာသနာနှင့် လောကအကျိုးကို သယ်ပိုးလိုလျှင်ဖြင့် အသက်တာသန့်ရှင်းခြင်းကလည်း မရှိမဖြစ်အရေးကြီးပါတယ်။ ဘုရားသခင်ရှေ့တော်မှာ သန့်ရှင်းစွာ အသက်ရှင်နိုင်ဖို့ ယခုစာအုပ်ကို KBC, MBC, CLC, Bible Society တို့မှာ ၀ယ်ယူအားပေး ခွန်အားယူနိုင်ပါပြီ။