Home » » မိဘဂုဏ်ရည်စစ်

မိဘဂုဏ်ရည်စစ်


 
 
 
 
 
 
 
 
 
မှတ်မထင်တွေးရေးရေးမြင်လာ
ဝမ်းလွယ်ကိုးလ
ဖွားဆယ်လ၌
ဖက်ပြိုင်သေမင်း
သွေးသက်နှင်း၍
ရှောင်ရှားဖန်စပ်
ပူပုတ်စ၍
သမီးသားရှေ့ရေး
ဖေမေမျော်တွေးသည်
သားမောင်ဝန္ဒနာ
ဖေမေ့မေတ္တာ …….

စေ့စေ့ယှဉ်တွေး
ရှင်းလင်းမြင်လာ
မကောင်းပလပ်
ကောင်းတွေမှတ်ဖို့
ချော့ ခြောက်မကင်း
သွန်သင်ခြင်းနှင့်
မကွာနေ့ည
စောင့်ေ ဖးမလျှက်
သားသမီးနောင်ရေး
ဖေမေမျော်တွေးသည်
သားမောင်ဝန္ဒနာ
ဖေမေ့ပညာ ………..

သိထားကျေးဇူး
မြင့်မိုရ်ဦးကို
မကြေဆပ်ရေး
အနန္တရေး
နှိုင်းမယှဉ်သာ
သားစွမ်းရာအား
သားမောင်လူလှ
ဘေးရန်ကင်းပ
ရှင်လူချစ်ခင်
ဂုဏ်တင့်စေတဲ့
သားမောင်ဝန္ဒနာ
ဖေမေ့ကရုဏာ ………..

ဖေမေ့သားမောင်
ခုထိအောင်ပေါ့
လိမ္မာရေးခြား
ဘုရားတရားနဲ့
ငါ့အားမျက်ရည်
မကျစေသည်မို့
ဂုဏ်ယူဝင့်ကြွား
ပီတိများနှင့်
လွယ်ဖွားရကျိုး
နပ်သည့်အမျိုးတဲ့
သားမောင်ဝန္ဒနာ
ဖေမေ့ဝါစာ ။ ။

ဆယ်မြူရယ်စိုးလွင်

Facebook

အကြိုက်များသောပို့စ်များ

ယေရှုရှင်အား တိုင်တည်ခြင်း

  အာဝဇ္ဇန်းရွှင်ရွှင် ဥပမာဥပမေယျတွေဖြင့်  ဟောပြောသွန်သင်  အလွှာခွင်ဆင့်စုံတို့  သဘောပေါက်နားလည် လက္ခံလွယ်ကျင့်သုံး  အကျိုးကျေးဇူးရာထောင်  က...

 
Created By Samuel Soe Lwin | Distributed By Grace Church-Yay Tho