သို့....အမေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

Saturday, July 23, 2016

demo-image

သို့....အမေ

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Mom+Poems

 
ဓမ္မရေ တစ်စက်မျှတောင်
ဆင့်ကမ်းခွင့်မရှိတဲ့ဘဝမှာ
တခါတလေ အမေ့ကို လွမ်းလို့
ထူးအိမ်သင် သီချင်းကို အငှါးဆိုမိလေရဲ့ …


တခါတလေ အမေ့ကို လွမ်းရင်း
အမေ့ ကဗျာလေးတွေ ရေးသီနေတတ်ရဲ့…..

တခါတလေ အမေ့ကို လွမ်းရင်း
အမေ အရွယ်တွေကို ငှါးငှါးခေါ်မိနေလေရဲ့….

တခါတလေ အမေ့ကို လွမ်းရင်း
သား အရွယ်တွေကို ငှါးငှါးချီမိတယ်…

တခါတလေ အမေ့ကို လွမ်းရင်း
မြန်မာပြည် မြေပုံကို တမ်းတမ်းတတ အလွမ်းပြေ စိတ်ညွတ်ကြည်နူးမိရဲ့…

တခါတလေ အမေ့ကို လွမ်းရင်
လိမ်ညာတတ်တဲ့ စာတန်
ဟို…အကောင်ကို စိတ်တွေနာမိလေရဲ့မေမေ ။

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

Pages