Friday, July 22, 2016

သမိုင်းထက်မှခြေရာများ









မကောင်းမြစ်တား
ကောင်းညွန်လတ်၍
လမ်းပြပဲ့ပြင်
ဆရာကောင်းပင်မို့
လေးစားချစ်ခင်
အားကျလျက်တုယူအစဉ်။


ဘဝဒဏ်များ
ကုစားဖြတ်၍
ဖေးမပဲ့ပြင်
သမားကောင်းပင်မို့
ကြည်ညိုသက်ဝင်
အားကျခုံမင်ဖြစ်လိုအစဉ်။

ဆရာသမားကောင်းမို့...
ခနတွေ့ဆုံ
ခွင့်ခါကုန်လည်း
မပျက်ခြေရာ
ထင်းထင်းချန်ရစ်
တပည့်သားအတွက်
သမိုင်းမျက်နှာစာရဲ့အထက်။ ။

ဆယ်မြူရယ်စိုးလွင်