ခေတ်စနစ်ဖြစ်အင်
ဆိုးကောင်းနှစ်ထွေ
ပြောင်းလှစ်စေတော့
စဉ်မြဲသစ်လွင်
မိဘတို့၏ မြတ်ဂုဏ်အင်……
လမ်းပြသွန်သင်မှု
တွန်းလှန်ငြင်းဆန်
ပြုမူတတ်စေတော့
အစဉ်စိတ်ကြည်လင်
နောင်ရေးတွေးသည့် မြတ်ဂုဏ်အင်…..
လောကနိယာမ
အသွားအပြန်
မြော်ကြည့်တွက်တတ်ကြပေမဲ့
အစဉ်သာပေးဆပ်
မြင့်မြတ်သည်က
အာစရိယ မိနှင့်ဖ။ ။
ဆယ်မြူရယ်စိုးလွင်