လှိုင်းလေကထန်
မိုးသက်ပြန်ဆင့်
ကမ်းလမ်းမမြင်
အကျွန့်ဘဝကပင်လယ်ပြင်။
တစ်ကိုယ်တည်းရယ်မို့
မျှော်မှန်းလျက်ရှာကြံ
နှစ်သွယ်ဘဝတွက်အားကိုးရာ။
ကြင်နာမှုလက်အစုံ
ကယ်မရန်ဘုံကိုစွန့်
သက်ဆင်းကြွလာ
အကျွန့်အလင်းမဟာကား
မီးပြတိုက်အရှင်
ခရစ်တော်သာလျင်တည်း.... ။
ဆယ်မြူရယ်စိုးလွင်