Monday, August 12, 2013

သခင့်လမ်း







ကျေးဇူးတရားတို့ခြံရံ
ဘ၀ကလွန်ဟန်တင့်

သည်ကျေးဇူးသည်တရား
မည်သို့မေ့နိုင်အား........

မေတ္တာကရုဏာခြံရံ
နွေးထွေးလုံခြုံဟန်ဝင့်
သည်ကျေးဇူးသည်တရား
မည်သို့မေ့နိုင်အား.......

သခင့်ကျေးဇူး
သစ္စာထူးမှာ
နားခိုငြိမ်းချမ်း
သခင်ခင်းသည့်ထာဝရလမ်း။ ။ 

ဆယ်မြူရယ်စိုးလွင်