ခရစ္စမတ်တွင်ထူးခြားသောအသံဆယ်မျိုး (၁) - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, July 2, 2012

ခရစ္စမတ်တွင်ထူးခြားသောအသံဆယ်မျိုး (၁)


ခရစ္စမတ်မင်္ဂလာအချိန်အခါတွင်

ထူးခြားသောအသံဆယ်မျိုးကို အတူတကွ  ဆင်ခြင်လေ့လာ ခွန်အားယူလိုပါသည်။ ယခုလိုခရစ္စမတ်အခါ သမယတွင် ကြားရသော အသံများကြောင့် ခရစ်တော် လူ့ဇာတိခံယူခြင်းကို တွေးမြင်ကြပါလိမ့်မည်။ အထူးသဖြင့် ခရစ္စမတ်တေးသံ၊ ခရစ္စမတ် ခေါင်းလောင်း၊ ခရစ္စမတ် လက်ဆောင်၊ ခရစ္စမတ်အမှတ်ရစေမည့် အသုံးအဆောင်များတို့ကလည်း စိတ်အစဉ်ကို ပို၍တွန်းအားပေးလျှက်ရှိသည်။


ထိုမျှမက တစ်ဦးနှင့်တစ်ဦးလည်း “ပျော်ရွှင်ဖွယ်ခရစ္စမတ်ဖြစ်ပါစေ”ဟူသော နှုတ်ခွန်းဆက်ခြင်းများကလည်း ဝေဆာနေပါလိမ့်မည်။ ထို့ကြောင့် ခရစ္စမတ်နှင့် ဆက်နွယ်နေသော ထူးခြားသည့် အသံဆယ်မျိုးကိုအတူတကွ ဝေငှလိုခြင်းဖြစ်ပါသည်။ ထိုအရာအား ရှင်လုကာခရစ်ဝင် ၂း၁-၈ တွင် တွေ့မြင်နိုင်ပါသည်။

၁။ မြို့နေလူများအသံ။

“အဝတ်နှင့်ပါတ်စည်းလျှက် နွားစားခွက်၌ အိပ်လျှက်နေသော ခရစ်တော်ကို သင်တို့တွေ့မည်” စသည့် ဓမ္မသီချင်းကို အားလုံး လည်းကြားဘူး ကြပါလိမ့်မည်။ ထိုဓမ္မတေးသည် ထိုတစ်ညတာအပြီးတွင် လူတို့မေ့ကောင်းမေ့သွားကြပေလိမ့်မည်။ “တိတ်ဆိတ်ည သန့်ရှင်းည” စသည့်ဓမ္မတေးသည်လည်း ပြီးဆုံးသွား ပေလိမ့်မည်။ သို့သော် ထိုတိတ်ဆိတ်ညသန့်ရှင်းညအခါသမယတွင် ရောမဘုရင်အုပ်ချုပ်နေသောခေတ် ကဲသာဘုရင်လက်ထက်တွင် စုရုံးလျှက်ရှိသော လူများကိုမြင်ယောင်ကြည့်လိုက်ပါ။

ထိုသူတို့၏စုရုံးရောက်ရှိနေကြရခြင်းသည် ကဲသာဘုရင်၏ အမိန့်တော်အတိုင်း စာရင်းကောက်နေသောကြောင့် အနယ်နယ်အရပ်ရပ်မှ အရောက်လာကာ စုစည်းနေကြရခြင်းဖြစ်သည်။ ထို့ကြောင့် ဗက်လင်မြို့၏ညချမ်း ပဌမဦးဆုံးခရစ္စမတ်အချိန်အခါတွင်ရှိနေမည့် အသံဗလံများအား စိတ်ကူးတွင်ပုံဖေါ် ကြည့်ပါ။ ငြီးတွားမြည်တမ်းခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ မကျေမနပ်စရာအကြောင်းအရင်းများ၊ စိတ်ဓါတ်ကျခြင်း၊ တစ်ညတာ တည်းခိုရန်အတွက် နေရန်နေရာမရှိ သောကြောင့် ခံစားခက်ကြရမည့် ဒုက္ခဆင်းရဲများတို့က တစ်မြို့လုံးတွင် မကြားချင်မှအဆုံးဖြစ်နေပါလိမ့်မည်။ မလာမဖြစ်သောအမိန့်တော်ကြောင့် လာကြရ ခြင်း၊ အခွန်အတုပ်ပေးရမည့်အမှုအရေးများကလည်း မသထာရေဆာဖြင့် ပေးကြရသည့်ဖြစ်ခြင်း၊ ထိုမျှ မက်ရပ်ဝေးမှလာကြရသော်လည်း နေစရာမရသည် သာမက အလှည့်ကြဖြင့်စောင့်စားနေရသောလူအပ်ကြီးတို့ကလည်း ဝန်ထုပ်သဖွယ်ဖြစ်နေသည့် ခရစ္စမတ်လက်ဦးညချမ်းသည် ယနေ့ကျွန်ုပ်တို့ အမြင်နှင့်ခြားနား လွန်းလှပါသည်။

စိတ်တိုစရာအခြေအနေများနှင့်သာအချိန်သည် တစ်ဖြည်းဖြည်းချင်းကုန်လွန်လာကာ နေစောင်းသည်နှင့်အမျှ အသံဗလံများကလည်း ကြမ်းတမ်းလာ သည့် ဆူပူသံများကလည်း အမှောင်ကြီးစိုးလာသည်နှင့်အမျှ ဗက်လင်မြို့ကိုလွမ်းခြုံနေပါသည်။ ဗက်လင်မြို့မှကြားရသောအသံသည် အဘယ်မျှအရေးပါကြောင်း ကျွနု်ပ်တို့အားအသိပေးနှိုးဆော်နေခြင်းဖြစ်သည်၊ အကြောင်းမှာ ခေတ်ကာလတွေရာစုနှစ်လွန်လာသည်နှင့်အမျှ လူသားတို့၏ နှလုံးသားသည် ပြောင်းလဲခြင်း ကင်းသည်ကိုပြဆိုဖေါ်ညွှန်းနေခြင်းဖြစ်သည်။

သူတို့သည် ဘုရားသခင်ရှေ့တော်တွင် ပျောက်ဆုံး နေကြစဲ၊ ဘုရားမဲ့နေကြမြဲ၊ လိုအင်အတိုင်းအမျက်ဒေါသကြီးစိုးခြင်း၊ လောဘအသောမသတ်နိုင်ခြင်း စသည့် အသက်တာအားဖြင့် ကယ်တင်ရှင်ကို လိုအပ်နေကြမြဲဖြစ်သည်။ ထိုသူတို့သည် ဘဝအသက်တာတွင်ဝေခွဲမရဗျာပါဒများဖြင့် သူတို့၏ဘဝကို ယခုဘဝနောင်ဘဝနှစ်သွယ်စလုံးကို ပြောင်းလဲ ပေးနိုင်သော ခရစ်တော်ကယ်တင်ရှင်ကိုလက်ခံရန်ဗျာများကာ လွဲချော်နေကြသည်။ လောကအတွက် ကယ်တင်ရှင်သည် သူတို့တည်နေရာဗက်လင် မြို့တွင်လူ့ဇာတိကိုခံယူခဲ့သော်လည်း သူတို့၏ စိုးရိပ်သောကဗျာပါဒနှင့် ပူမှုဆယ်ကဋေများအောက်တွင်သာ အလုပ်ရှုပ်ကာ ကယ်တင်ရှင်ကို ဖူးတွေ့ ရန်အခွင့်ရှိပါလျှက်နှင့် လက်တစ်ကမ်းတွင်လွဲချော်နေကြပါသည်။

 ၂။ ငြင်းပယ်သောအသံ။
ငြင်းပယ်သောအသံသည်ကား မယ်တော်မာရိနှင့် ယောသပ်အပေါ်တွင်ငြင်းပယ်လိုက်သောအသံသာဖြစ်သည်။ “အခန်းမရှိ” ဟူသောစကားသာ ဖြစ်သည်။ ဆင်ခြင်ကြည့်လိုက်ပါ ခရစ်တော်ဘုရားသည် ဖွားမြင်ခြင်းကိုမခံရမှီအချိန်ကပင် ငြင်းပယ်ခြင်းကိုခံရသည့်အဖြစ်ဆိုး မဟုတ်ပါလား။ ကျွန်ုပ်တို့ တွေးကြည့်နိုင်ပါ သည်။ ထို့အတွက်ကြောင့်လည်း ခရစ်တော်အကြောင်းကို ရှင်ယောဟန်တွင်မြင်တွေ့ရသည်ကား “သူသည် မိမိဒေသအရပ်သို့ကြွလာသော်လည်း မိမိလူတို့သည် လက်မခံ” ဟုဆိုထားခြင်းမဟုတ်ပါလား။ သေချာသောအရာတစ်ခုမှာ ဗက်လင်မြို့သည် ယောသပ်သာမက မာရိအတွက်ပါ သူတို့၏ ဘိုးဘွားများ၏ချက်မြုပ် အရပ် ဒေသပင် မဟုတ်ပါလား။

ယုတ်စွအဆုံးဗက်လင်မြို့တွင် သူတို့အတွက် ဆွေမျိုးသားချင်းသာမက၊ အဒေါ်၊ ဦးလေး၊ ဘကြီး၊ ဘလေး စသည်ဖြင့်ရှိနိုင်သည်မဟုတ်ပါလား။ သို့သော်ယခု ကျွန်ုပ်တို့ကြားလိုက်ရသောအသံ သည်ကား သာမညအသံမဟုတ် အသိမိတ်ဆွေမဆိုထားနှင့် “တည်းခိုခန်းပိုင်ရှင်” ကပင်ငြင်းပယ်လိုက်သောအရာပင် မဟုတ်ပါလား။ အထူးသဖြင့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ခရစ်တော်ဘုရားအားလွယ်ထားရသောအခါတွင် မယ်တော် မာရိနှင့် ယောသပ်တို့အား လက်ခံရန် မဆိုထားဘိ အိမ်ရိပ်ကိုပင် နင်းရန်လိုလားကြသော အခြေအနေပင်ဖြစ်ဟန်တူပါသည်။

သင့်ဘဝအသက်တွာင်လည်း ခရစ်တော်ဘုရားနှင့်အတူသွားလာပါက ငြင်းပယ်ခြင်းကိုခံစားဘူးခံစားပေလိမ့်မည်။ ခရစ်တော်ဘုရားအား လက်ခံ ယုံကြည် သောကြောင့် “စွန့်လွတ်ခြင်” မှာ မိဘများအားဖြင့်၊ ဘိုးဘွားများအားဖြင့်၊ အလုပ်အကိုင်အခွင့်အလမ်း၊ အပေါင်းအသင်း မိတ်ဆွေ များ ထိုမျှမက အချစ်ဆုံးသော ဘဝလက်တွဲဖေါ်များ စသည်ဖြင့်တွေ့ကြုံရင်ဆိုင်ခြင်းဖြစ်နိုင်ပါသည်။ လက်ဦးဖြစ်သော ခရစ္စမတ်အခါသမယမှာပင် ထိုသို့သောငြင်းပယ်ခြင်းကို ခံစားရကြောင်း ကျွနု်ပ်တို့အားမီးမောင်းထိုးပြနေခြင်းဖြစ်သည်။ ထိုသို့အသက်တာတွင်ခံစားနေရပါက ခရစ်တော် ဘုရားသည် အကောင်းအဆိုးများကို ကောင်းစွာ နားလည် ခံစားသည်သာမက လက်ကမ်းကြိုဖေးမရန်အတွက် သင့်အတွက် လက်တော်ကို ဆန့်တန်း ထားပါသည်။ ခရစ်တော်သင့်အားစာနာ ထောက်ထား ပါသည်။

ပုရောဖက်ဟေရှာယက လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့် ခရစ်တော်ဘုရားလူ့ဇာတိခံယူခြင်းမတိုင်မီကပင် “မထီမဲ့မြင် ပြခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံး သောသူ ဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်း ဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏။ သူတပါးမျက်နှာ လွှဲခြင်းကို ခံရသော သူကဲ့သို့ဖြစ်၏။ မထီမဲ့မြင် ပြုခြင်းကို ခံလျက်ရှိ၍ငါတို့သည် မရိုသေကြ”(ဟေရှာယ၊ ၅၃း၃)ဟုဆိုထားပါသည်။

ခရစ်တော်ဘုရားသည် ဖွားမြင်ခြင်း ကိုမခံယူခင်ကပင် ငြင်းပယ်ခြင်းတရားကို ခံရပါသည်။ ခရစ်တော်ဘုရားအား ဂရုစိုက်ကာ စောင်မသောသူတစ်စုံတစ်ဦးမှ မရှိသည်ကိုပြောပြသော အခါတွင်ယုံကြည်ပါ။ လက်ခံနားလည်မှုရှိနိုင်ရန်လည်းဆင်ခြင်ပါ။ ခရစ်တော်ဘုရားသည် ငြိုငြင်ခြင်း၊ ဝမ်းနည်းခြင်း၊ ငြင်းပယ်ခြင်း၊ ကြေကွဲခြင်းတို့ ဖြင့် အကျွမ်းဝင်သော အရှင်ဖြစ်ပါသည်။ ထိုအရာတို့သည် သင့်နှင့်ကျွနု်ပ်တို့အတွက် ခံစားတော်မူခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ခံစားတွေ့ကြုံ တော်မူခြင်း အားဖြင့် ကောင်းကင်ဘုံရှင် ဘုရားသခင်သည် ကျွနု်ပ်တို့အားလက်ခံအံ့သောငှါ ကိုယ်စားမေတ္တာသက်သက်ဖြင့် လူ့ဇာတိအဖြစ်ကို ခံယူတော်မူခဲ့ ခြင်း ဖြစ်ပါသည်။
 
၃။ သားဖွားမြင်ခြင်းအသံ။
ဗက်လင်မြို့၏မြင်ကွင်းသည်ယခုအခါ လွန်စွာမှပင်သန့်ရှင်း၍ နေချင်စဖွယ်ကောင်းသော အမြင်မျိုးဖြင့် ကျွနု်ပ်တို့ တွေးထင်ကြပါသည်။ နှစ်ပရိစ္ဆေဒ ကြာညောင်းလာသည်နှင့်အမျှလူနေမှုစနစ်များလည်းတိုးတက်သွားခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ကျွဲနွားတိရစ္ဆာန် များထားရာတင်းကုပ်များကို သွားဘူးမြင် ဘူးသူများရှိမည်ဟုထင်ပါသည်။ အနံ့အသက်လည်းမကောင်းသလို၊ သန့်ရှင်းသပ်ရပ်မှုလည်းမရှိပါ။ လောက၏ကယ်တင်ရှင် ကယ်တင်ရှင်ဘုရားသည် နန်းတော်ထဲတွင်ဖွားမြင်ခြင်းမဟုတ်မူဘဲ သည့်ထက်နှိမ့်ချစရာနေရာလည်း အခြားသောနေရာတွင် စိတ်ကူးပုံဖေါ်၍ပင်မရလောက်အောင် နှိုမ့်ချစွာဖြင့်ဖွားမြင် ခြင်းကို ခံယူတော်မူခဲ့ပါသည်။

ခရစ်တော်ဘုရား၏လူ့ဇာတိခံယူခြင်းကို ပန်းချီဆရာများကလည်း သန့်ရှင်းသော သူငယ်တော်နှင့် မယ်တော်မာရိကို ချစ်ခင်ကြည်ညို စဖွယ် အသွင်ဖြင့် ညချမ်းအချိန်အခါကို လှပစွာရာစုနှစ်များစွာမှယနေ့တိုင်ဆေးချယ်ခဲ့ကြပါသည်။ သို့သော်လည်း ကျွနု်ပ်တို့မြင်တွေ့နေရသော ပုံများနည်းတူ ခရစ်တော်ဘုရား၊ မယ်တော်မာရိ၊ ယောသပ်တို့၏ ဦးခေါင်းထက်တွင် ထိုဖွားမြင်ခြင်းခံယူသော ခရစ္စမတ်အခါသမယတွင် ရောင်ခြည်တန်းများလည်းထွန်းလင်း တောက်ပခြင်း မရှိခဲ့ပါ။

ခရစ်တော်ဘုရားသူငယ်တော်ကိုယ်၌ကလည်း နွားစားခွက်ထဲမှ မတ်တပ်ရပ်ကာ မိဘနှစ်ပါးအား ကောင်းကြီးလည်းမပေးခဲ့ပါဘူး။ ထိုသို့ မွေးမွေးခြင်း မတ်တပ်ရပ်သောသူများကို အဘယ်မည်သောမိခင်တွေ့ဘူးပါသလည်း။ မယ်တော်မာရိ၏ ဆေးပန်းချီကားတွင် ဗက်လင်မြို့၏ အနေ အထားနှင့် လိုက်လျှောညီ ထွေသော ပန်းချီဆေးကားမျိုးကိုလည်း ကျွနု်ပ်အနေဖြင့် တူညီမှုမရှိဟုခံစားမိပါသည်။ မွေးဖွားစကလေးသူငယ်အား မိတ်ဆွေတွေ့မြင်ဘူးသည်မဟုတ်ပါဘား။ ခရစ်တော်ဘုရား၏ ဖွားမြင်ခြင်းပုံနှင့် တူညီမှုမရှိကြောင်းနှင့် ကွဲပြားနေမှုကို ကောင်းစွာသိမြင်နိုင်ပါသည်။

ကျွန်တော်ဘာကိုဦးတည်ပြောလိုသည်ဟုထင်ပါသလဲ။ ခရစ်တော်ဘုရား၏ လူ့ဇာတိခံယူခြင်းကို သာမန်လူသားတို့ဖွားမြင်သည့်အတိုင်း သိမြင်ခံစား နားလည်စေလိုသောကြောင့်ပါ။ ပဌမဦးဆုံး ထိုခရစ္စမတ်ညချမ်းအချိန်အခါတွင် ကျွနု်ပ်တွေးမြင်မိသည်ကာ မယ်တော်မာရိ၏ မိန်းမ တို့၏လမ်းစဉ်အတိုင်း သားဖွားခြင်းဝေဒနာနဲ့ ညည်းညူသံပင်ဖြစ်သည်။ ဘုရားသားစင်စစ်မှ လူ့ဇာတိခံယူစဉ်တွင် လူသားတစ်ဦးကဲ့သို့ ဖွားမြင် ခြင်းကိုခံယူခဲ့သည်မှာ မိခင်တစ်ဦး၏ ဓလေ့ထုံးတမ်းအတိုင်း သားဖွားခြင်းဝေဒနာကိုလည်းမေ့မထားသင့်ပါ။ ထို့ကြောင့် ခရစ္စမတ်အခါသမယသည် ကျွနု်ပ်တို့ ထင်မှတ်ထားသကဲ့သို့ “တိတ်ဆိတ်ည” “ထွန်းလင်းတဲ့ည” “အေးချမ်းတဲ့ည”  မဟုတ်ခဲ့ပါ။ ထိုညချမ်းအခါသမယသည် သားဖွားခြင်း ဖြစ်ရိုး ဖြစ်စဉ်အတိုင်း “ဟစ်အော်ည” “မှောင်မိုက်ည” “ဝေဒနာကိုခံစားသည့်ည” ဖြစ်ခဲ့ပါသည်။ သူငယ်တော်သည် လူ့ဇာတိအဖြစ်ကို သရုပ်ပြခြင်း သက်သက်မဟုတ် အစစ်အမှန် “လူ့အသွင်” ကိုခံယူတော်မူခြင်း ဖြစ်ပါသည်။

ထိုခရစ္စမတ်ည အခါသမယသည် လွန်စွာမှ အရေးပါသော အသံများဖြစ်ကြောင်းနှင့် ခရစ်တော်ယေရှုဘုရားကို အမှတ်ရစေအံ့သော နေ့ရက်ဖြစ်သင့် ပါသည်။ ခရစ်တော်ဘုရားအား ကျွနု်ပ်တို့သိမြင်ယုံကြည်အံ့သောငှါ လူ့ဇာတိအသွင်ကို ဘုရားဖြစ်လျှက်ခံယူလာသော ခရစ္စမတ် ဖြစ်ပါသည်။ ခရစ်တော်သည် ခမည်းတော်ဘုရားသခင်အားကျွနု်ပ်တို့ ဖူးတွေ့အံ့သောငှါ ဖွင့်ပြတော်မူရန်ဆင်းြွကခဲ့ခြင်းဖြစ်သည်။ ခရစ်တော်ဘုရား အားသိမြင်သောသူတိုင်းသည် ခမည်းတော် ဘုရားအား သိမြင်သောသူများ၊ လက်ခံယုံကြည်သောသူများဖြစ်ကြပါသည်။ ထိုအခွင့်ထူးသည် မည်မျှ အဖိုးအနဂ္ဃထိုက်တန်ပါသနည်း။ ထိုသားတော်ကို ယုံကြည်လက်ခံသူတိုင်းအား ဘုရားအနွယ်ဝင် အိမ်တော်သားများဖြစ်ခြင်းအခွင့်ကို ပေးတော်မူခဲ့သည်မှာ ကျွန်ုပ်တို့လူသားများအနေဖြင့် မည်သည့် နည်းနှင့်မှ မရနိုင်သော မင်္ဂလာတရားပင်ဖြစ်ပါသည်။

ကျွနု်ပ်တို့၏ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ သောကပရိဒေဝ၊ ဒုက္ခဒေါမနဿ စသည့်စသည့်အနိဌာရုံ မကောင်းမှုမြင်ကွင်းစုံမှ ကယ်လွတ်အံ့ သောငှါ ဘုရား သားတော်သည် လူ့အဖြစ်ကိုဆောင်ယူတော်မူခဲ့သော ခရစ္စမတ်အခါကာလဖြစ်ပါသည်။ လူ့အသွင်ကိုခံယူကာ နွားစားခွက်တွင် အဝတ်နှင့်ပါတ်စည်းခြင်း အဖြစ်ကို ခံယူတော်မူသည်မက ကျွနု်ပ်တို့အတွက် အပြစ်ေြွကးများကိုပါ ယူတင်ဝတ်ဆောင်ရန် ဘုရားစင်စစ် ဆင်းြွကလာ ခဲ့သော ခရစ္စမတ်ပင်ဖြစ်ပါသည်။

 ၄။ တိတ်ဆိတ်မှုကိုပယ်ဖျက်ခဲ့သောဘုရားအသံတော်။
နှစ်ပေါင်း ၄ဝဝ တိုင်တိုင်ဘုရားသခင်သည့် လူသားများအား စကားတော်ဖွင့်ပြခြင်းမရှိ ပကတိတိတ်ဆိတ်နေခဲ့ပါသည်။ ထို့အတွက် ဘုရားသခင်သည် ပုရောဖက် များအားဖြင့် လူသားများအား အလိုတော်ကိုဖွင့်ပြရန် ရှာတော်မမူတော့ဘဲ ကိုယ်တော်တိုင်စကားတော်ကို ဖွင့်လှစ်တော်မူခဲ့ပါသည်။ ထို့အတွက်လည်း “ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်းဗျာဒိတ် ပေးတော်မူသော ဘုရားသခင်သည်။ ဤနောက်ဆုံး ကာလအခါ မိမိသားတော်အားဖြင့်ငါတို့အားဗျာဒိတ် တော်ပေးတော်မူပြီ။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ခန့်ထားတော်မူ၏။ သားတော်အားဖြင့် လည်းလော ကဓာတ်တို့ကို တည်တော်မူ၏။ ထိုသားတော်သည် ဘုရား သခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုးနှင့်ပြည့်စုံသောမိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာ တို့ကိုမစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကိုကိုယ်တော်တိုင် အားဖြင့် သုတ်သင်ပယ်ရှင်း ပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအားနုဘော် တော်၍ လကျာ်ဘက်၌ထိုင်တော်မူ၏” ဟု( ဟေဗြဲ၊ ၁း၁-၃) တွင်ဆိုခဲ့ပါသည်။

ဆင်ခြင်ကြည့်ပါအဆွေ။ ဘုရားသခင်သည် “တိတ်ဆိတ်နေသည့်ကာဖြစ်သော နှစ်ပေါင်း ၄ဝဝ” အားပယ်ဖျက်တော်မူရန် ပုရောဖက်ကို မသုံးဘဲ သားတော် ယေရှုခရစ်တော်သူငယ်တော်အားဖြင့် လူသားအားလုံးအရေး ကြီးမြတ်သော လမ်းစဉ်ကိုပြုတော်မူခဲ့ပါသည်။ ထို့ကြောင့် ခရစ္စမတ် အခါသမယသည် သိနာတောင်တွင်ဖြစ်ပျက်ခဲ့သော မိုးချုန်းသံများကဲ့သို့ ထိတ်လန့်ကြောက်မက်ဖွယ် စီရင်ခြင်းမဟုတ်ဘဲ ကျေးဇူးတရား ပြဆိုရာအခါသမယပင်ဖြစ်ခဲ့ပြီး ပုရောဖက် များအားဖြင့် တဆင့်စကားပြောဆိုခြင်းကို အဆုံးတိုင်စေခဲ့သည်။ ယခုခရစ္စမတ်အခါသမယသည် ဘုရားသခင်အား ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ဖူးတွေ့ရခြင်း၊ စကားတော်ကိုကြားနာရခြင်း၊ မိတ်သဟာယဖွဲ့ရခြင်းစသော အခွင့်ထူးကို ဘုရား သခင်ကိုယ်တော်တိုင် ပေးသနားသော ခရစ္စမတ်ပင်ဖြစ်ပါသည်။

ထို့အတွက်ကြောင့်လည်း “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၄င်း၊ သစ္စာတော်နှင့်၄င်းပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ” (ယော၊ ၁း၁၄) ဆိုထားပါသည်။ တွင် ပုရောဖက်များအားဖြင့်၊ ဘုရားသခင်အထူးရွေးချယ်ခံထားရသော လူမျိုးအားဖြင့်၊ ကြားခံလူအားဖြင့် စသည်တို့ မဆိုထားပါ။

တစ်ဖန်  “ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူးသော်လည်း။ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသောသားတော်သည် ဘုရား သခင်ကို ထင်ရှားစေ တော်မူပြီ” (ယော၊ ၁း၁၈) ဟုဘုရားသခင်ဖွင့်ပြစကား ဆိုခဲ့သောကာလဖြစ်ပါသည်။

ခရစ်တော်ဘုရားသည် ခမည်းတော်ဘုရားအကြောင်းကို ကျွနု်ပ်တို့သိရှိစေရန်အလို့ငှါြွကဆင်းတော်မူခဲ့ခြင်းဖြစ်ပါသည်။ ကျွနု်ပ်တို့အသက်တာ တွင် ထိုခရစ္စမတ်အချိန်အခါ သမယအားဖြင့် ဘုရားသခင်သည် မည်သို့သောအသွင်ရှိသနည်းဟု ပဟေဌိရှာစရာ မလိုတော့ပါ။ သားတော်အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ အားဖွင့်ပြတော်မူခဲ့ပြီးဖြစ်ပါသည်။ တိတ်ဆိတ်ခြင်းကာလ နှစ်၄ဝဝ သည်သမိုင်းတွင် ပပျောက်သွား ခဲ့ပြီး ဘုန်းတော်ကို နွားစားခွက်တွင် မြင်တွေ့ ဖူးမျှော်ခွင့် ရခဲ့ကြပါပြီ။ ဘုရားစင်စစ်သည် လူ့အသွင်ကို ဆောင်ယူတော်မူခဲ့ပါပြီ။

၅။ မျက်နှာမွဲများအတွက်သတင်းစကားသံ။
ဗက်လင်မြို့အနီး သိုးကျောင်းနေသောသူများအထံတွင်  အကြီးမြတ်ဆုံးသော ဝမ်းမြောက်ဖွယ်ရာ သတင်းကို ေြွကးကြော် ခဲ့ကြောင်း ရှင်လုကာ ခရစ်ဝင် ကျမ်းတွင် မှတ်တမ်းတင်ထားခဲ့ပါသည်။ ထိုအကြောင်းအား ကျွနု်ပ်တို့အမြဲကြားသိပြီးဖြစ်ပါသည်။ သူငယ်တော်၏ ချစ်ကြည်ညိုဖွယ်မြင်ကွင်းကို ကျွနု်ပ်တို့ မတွေ့မမြင်ရပါ ထိုအစား တောင်ကုန်းပေါ်တွင် အလုပ်လုပ်ဆောင်နေကြသော လူထုကြီးကိုသာ ကျွနု်ပ်တို့ မြင်တွေ့ရပါသည်။ ဝမ်းမြောက်ဖွယ်ရာ သတင်း စကားကို ကြားနာခွင့်ရသော သူတို့သည် အထက်တန်းလွာလူများမဟုတ်ကြပါ သာမန်အလုပ်ကြမ်း သမားများသာဖြစ်သည်။

ထိုခေတ်ထိုကာလ၌ သာမန်လူတန်းစားတို့သည် အထက်ငွေရှင်ကြေးရှင်များ၏” ကြီးနိုင်ငယ်ညှင်း” များကြောင့် ဘဝနေခြည် သန်းခွင့် သိပ်မရရှိခဲ့ကြပါ၊ လူအများ၏ အနှိမ်ခံလူတန်းစားများဖြစ်ပါသော်လည်း ဘုရားသခင်၏ ကောင်းကင်တမန်များသည် “လောကီသားတို့ အတွက်” ဆိုသည့်အတိုင်း ထိုသိုးကျောင်းသားများထံကို သတင်းစကား အရောက်ပို့ဆောင်ပေးခဲ့ကြပါသည်။ ခရစ္စမတ်၏အသံများသည် လောကီ လူသားများအားလုံးအတွက် တစ်ပြေးညီ ဝမ်းမြောက်စရာဖြစ်ပါသည်။ လူသားတိုင်း၊ အသားအရောင်၊ အဆင့်အတန်း၊ အနိမ့်အမြင်ခွဲခြားခြင်းမရှိ အားလုံးအတွက် ဝမ်းမြောက်စေခြင်းအလို့ငှါ ခရစ်တော်ဘုရားြွကဆင်းတော်မူလာခြင်းဖြစ်သည်။ ကယ်တင်ရှင်ဖွားမြင်ခြင်းကို ခံယူတော်မူခဲ့ခြင်း အတွက်ကြောင့်  ကျွနု်ပ်တို့သည် မိမိတို့၏အပြစ် တရားအတွက် သေခြင်းတရားကို ရင်ဆိုင်စရာမလိုတော့ပါ။ ဤအရာကား ဝမ်းမြောက်စရာ သတင်း ကောင်းပင်မဟုတ်ပါလား။

အပိုင်း (၂) ဆက်လက်ဖတ်ရှုလေ့လာပါရန်

Samuel Soe Lwin
ဝန်ခံချက်။    ။ အင်တာနက်မှ Ten Strange Sounds of Christmas အားပြန်ဆိုခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages