
ပြောမှသာသိ
ထိမှသာနာ
ထိုသူတို့များ ဘယ်မကြီးပွား။
အလိုတော်သိ
နာခံမရှိ
ထိုသူတို့များ ဘယ်မကောင်းစား။
ကျောင်းကန်ဘုရားဝေ
အချိန်မပေး
ထိုသူ့ဝိညာဉ်ရေး
ဘုရားမေတ္တာနှင့်တော်တော်ဝေး။
ကြားနာတရား
လက်တွေ့ပွား
ထိုသူတို့များ တကယ်ကြီးပွား။
ယာဇ်မျိုးမရှိ
နာခံသိက
ထိုသူတို့များ အလွန်ကောင်းစား။
ဘုရားကျောင်းကန်
ဆည်းကပ်မှန်သည်
ထိုသူ့ဝိညာဉ်ရေး
ဘုရားမေတ္တာကြောင့် အစဉ်နွေး။ ။
ဆယ်မြူရယ်စိုးလွင်