Friday, May 28, 2010

ပေး စွမ်း သက် စမ်း ရေ မြတ် စိ န္တေ



နွေခေါင်ခေါင်မှာ လေပူပြင်းပြင်းထဲ လမ်းထွက်လေဋာက်စရာ အကြောင်းမရှိဘူးသူ အတွက်တော့ ဘဝဆိုတာ ပူလောင်လှတယ်လို့ပြောပေမဲ့ အမှန်ခံစားမိနိုင်မှာ မဟုတ်ပါဘူး ၊တချို့အချို့ သောသူများကတော့ ကိုယ်တွေ့ မဟုတ်ပေမဲ့ တဖက်လူတွေရဲ့ ခံစားချက်ကို နားလည်ကောင်း နားလည်နိုင်ပေမဲ့၊ သူ့လောက်တော့ နားလည်နိုင်စွမ်း မရှိလောက်ပါဘူး၊ လောကမှာ လူတိုင်းလူတိုင်းက ကျား ၊ မ ၊ အလ$ာ၊ အဆင့်အတန်းတွေ ကွာကောင်း ကွာမယ် ၊ အားငယ်ခြင်း၊ ကြေကွဲခြင်း၊ စသော ဘဝရဲ့ အနိဌာရုံတွေကိုတော့ တပြေးညီ ရင်ဆိုင်ခံစားကြရမှာ တော့ အတူတူပါပဲ ။

ဘဝမှာ ဝမ်းနည်းကြေကွဲခြင်း ဆိုတာကလည်း ၊ ကြီးကြီးငယ်ငယ် ဆိုတာနှင့် မဆိုင် ခံစားတတ်ကြလေတော့ သူမလည်း ခံစားခဲ့ရတာပေါ့လေ၊ ဘဝပေးက အကြောင်းမလှ လို့လား ၊ မိဘတွေရဲ့ အကျိုးဆက်ကြောင့်လားဆိုတာ ကောင်းစွာ နားမလည်နိုင်ခဲ့ပေမဲ့ ၊ သူမ သိတတ်တဲ့အချိန်ကစပြီး ၊ လောကဓံရဲ့ အထုထောင်းတွေကိုတော့ ဦးစွာ ခံစားနားလည်တတ်နေပါပြီ၊ လူခြင်းအတူတူ၊ ခွဲခြားခြင်း၊ မရှိရလို့ ဘာသာတရားက သွန်သင်ပေမဲ့ သူမရဲ့ ပါတ်ဝန်းကျင်မှာတော့ ၊ လက်တွေ့မှာ ၊ တကယ်တော့ အကာသက်သက်ပါပဲ။

မျိုးရိုးအရတော့ သူမတို့ရဲ့ ဘိုးဘေးတွေက အာရှုရိအမျိုးသားတွေနှင့် သွေးနှောပြီး ၊ ထာဝရဘုရားရှင်ကို စွန့်ပစ်ကြတဲ့ အတွက် လူတကာရဲ့ဝိုင်းပယ်ခြင်းကို ခံကြရပေမဲ့၊ အမှန်တကယ် ဘုရားရှင်ထံ ချဉ်းကပ်ပြီး၊ တည်တောင်အဓိကရ တည်ထား ကိုးကွယ်ကြချိန်မှာတော့ ဣသရေလ ( ယခု အစ္စရေး ) တွေကပဲ ဖြိုဖျက်လိုက်တော့ ရန်ငြိုးက သူမတို့ တတွေအကြားမှာ ၊ တံတိုင်း သဖွယ်ဖြစ်ခဲ့ကြရပါတယ်။

" ဟေ့ မျိုးမစစ်မ ဘယ်သွားမလို့လည်း "

" ဒါမျိုးရှောင်လို့တော့ ဘယ်ရမလည်း လာလာ ကောင်မ"

စတဲ့ စကားတွေက နေ့စဉ်ကြုံတွေ့နေရသော ပါတ်ဝန်းကျင်မှ အပြောအဆိုတွေက တနေ့တမျိုး မရိုးရလေအောင် သူမ ကြားနေရပါသည်။ သို့တိုင်အောင် သူမ ဘယ်သူ့ကိုယ်မျှ အပြစ်မတင်လိုပါ၊ အကြောင်းကံဖန်လေတော့ ကျရာ ဇာတ်မှာ ကပြရတော့မည်မဟုတ်ပါလား။

ပြောဆိုနေကြသူတွေ မမှားပါဘူး အမှန်တွေပါပဲ ၊ ဒါတွေက အမှန်တွေပါ၊ မိဘနှစ်ပါးဖြစ်တဲ့သူတတွေက တဦးက ဂျူး၊ တဦးက ဟေလသအာရှုရိ ဆိုတော့ သူမက ကပြားမ ပေါ့ ( နှိမ်လိုသူတွေ ၊ လှောင်ပြောင် ပြစ်တင်ပြု လိုသူတွေ အတွက်ကတော့ မျိုးမစစ် ) ဒီဒုက္ခတွေက ရိုးအီသွားပါပြီ။

အဆိုးဆုံး သူမ စိတ်ပူမိတာက နောင်တမလွန် အရေးအတွက်သာပါ၊ ဘဝပေး အခြေအနေက မလှရတဲ့အထဲ လူတွေရဲ့ခွဲခြားခြင်း ထဲမှာ အမျိုးသမီးဖြစ်ရခြင်းက တမှောင့်၊ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ဆိုသလို ဖြစ်လာရတဲ့ ပရိယေသန ဝမ်းစာရေးက အမှန်ပင် " ဝမ်းတထွာ " အခြေမို့၊ သူမ ဘဝမှာ ဆိုးပြီးရင်း ဆိုးရင် ဆိုးနေရလေသည်။

အများတကာတွေလို၊ အတည်တကျ အိမ်ထောင်သားမွေး ဘဝကလေးကိုလည်း ၊ လူထဲကလူမို့ လိုလားပေမဲ့၊ အခြေက မဖန်ခဲ့ပါဘူး၊ လွမ်းရေးထက် ဝမ်းရေးက ပိုခက်ခဲတယ် လို့ ဆိုစကား ရှိတတ်ကြသလို၊ သူမ အဖို့က လွမ်းရေးထက်၊ ဝမ်းရေးကခက်ပြီး၊ ဝမ်းရေးထက် နောင်တမလွန် အရေးကို မျှော်တွေးတော့ ရင်မှာက တကယ်မချိဖြစ်ရပါတယ်။

ဘာတွေပဲဖြစ်ဖြစ်၊ အိမ်မှာ ချက်ဖို့ပြုတ်ဖို့ အရေး သူမ ရေခပ်ရပေဦးမည်၊ ကိုယ်ပိုင် အိုးအိမ်ဖြင့်နေလိုပေမဲ့ လက်ရှိ ဘဝလက်တွဲဖေါ်ကတောင် သူမကို ချစ်တယ်လို့ ဆိုပေမဲ့ အတည်တကျ ပေါင်းသင်းဖို့ တော့ ဆန္ဒရှိပုံမပေါ်ပါလေ၊ ထို့ကြောင့် နေမင်းကို အသာမော့ကြည့်ရင်း ရေအိုးကို ခါးစောင်းတင်လိုက်လေသည်။

" မင့်ရေသွားခပ်တော့မှာလား နေပူပါသေးတယ်ကွာ နေပါဦး"

"နေတော့ ပူပေမဲ့ သွားမှ ဖြစ်တော့မှာမို့ သွားပါရစေတာ့ရှင် "

" နေပါဦးကွာ. . . နေပါဦး. . . .အချစ်ရကလေးရယ် "

ပါးပြင်ပေါ်ဝယ်နွေးထွေးသွားသည်၊ သည်လိုမျိုး အနမ်းတွေကို သူမ ထဝရ ပိုင်ဆိုင်လိုက်ချင်ပါရဲ့၊ သို့သော် ဝမ်းသာခြင်းကို ရင်မှာ သိုဝှက်ရင်း သူမ သူကျေနပ်ရန် အပြုံးချိုချိုမျက်နှာတွင်တင်ရင်း ရေတွင်းရှိရာ ဦးတည်ထွက်လာလိုက်သည်။
ရွာလယ် အရောက် ဦးမောင်ကလေး အိမ်နားအဖြတ်မှာတော့

" ဦးလေး ကျွန်မတိုမျှော်လင့်နေတဲ့ ဘုရားရှင်ကြွလာပြီလို့ကြားတယ် အဲ့ဒီဘုရားကြွလာပြီဆိုတာ တကယ်လားဟင် ကျွန်မတို့တော့ လူဖြစ်ရကျိုး နပ်ရတော့မယ် ထင်တယ်နော် "

တဘောင့်စကားနှင့်ပါတ်သက်ပြီး ဆွေးနွေးနေကြသော စကားတစွန်းတစ ကြားလိုက်ရပေမဲ့ သူမ ဝမ်းနည်း ဝမ်းသာဖြစ်မိသည်၊ ဝမ်းသာရခြင်းက ဘုရားပွင့်ခိုက် လူ့အဖြစ်ကို ရရှိရခြင်းဖြစ်ပြီး၊ ဝမ်းနည်းရခြင်းက အပြစ်ဒုစရိုက် များလှတဲ့ အပြစ်ဝန်တွေကြောင့်ပါ။

" ဘုရားရှင် ရယ် သမီးရဲ့ ဆိုးလှတဲ့ဘဝနှင့် များပြားလှတဲ့ အပြစ်တွေကို ခွင့်လွတ်ပေးသနားတော်မူလှဲ့ပါဘုရား "

တိုးညှင်းစွာ ဆိုမိသော စကားသစ္စာတိုင်တည်မှုကိုတော့ သူမနှင့်ဘုရားသာကြားနိုင်ပေတော့မည်၊ ရှမာရိပြည်၏ နေသည် အလွန်ပူပြင်းလှသော်လည်း သူမ ရင်ထဲမှာ ရှိနေသော သောက အပူလောက်တော့ ပူပြင်းနိုင်ခြင်းငှါ မယှဉ်သာပါ၊ လူရယ်လို့ဖြစ်လာရပေမဲ့ ဆင်းရဲ နုံခြာသော အဖြစ်သာမက၊ အလွန်နိုပ့်ကျ လှပါတယ်ဆိုသော ဣတÎိယ ဆိုတဲ့ဘဝ ကိုရထားရသူပါ။

နေမင်းရဲ့ အပူဒါဏ်ကို သိပေမဲ့ ဘဝပေးအခြေမလှတော့ လူသူတကာ ရေမခပ်တဲ့ အချိန်မှာသာ သူမရေခပ်နေသည်က၊ နိစ္စဓူဝ အကျင့်ပေမို့၊ ကျင့်သားရနေတဲ့ နေ့စဉ်ဝတ္တရားတွေရယ်ပါ။ ဪသာ်. . .ပြောရင်းဆိုရင်း ဘိုးဘေး အစဉ်အဆက်က ဆက်ခံရရှိလာသော ရေတွင်းရှိရာပင်ရောက်လုပါပေါ့လား။

" ဟင်. . .ရေတွင်းမှာ ပုဂ္ဂိုလ်တဦးပါလား၊ မတွေ့စဖူး ဒီနေ့မှ ထူးထူးဆန်းဆန်း ဘယ်လို ပုဂ္ဂိုလ်မျိုးပါလိမ့်"

ထိုတွေ့မြင်နေရသော ပုဂ္ဂိုလ်အား အသာပင် ဥပေက္ခာပြုရင်း သူမရေအိုးကို ခါးစောင်းမှ အသာအယာ ရေတွင်းဘောင်ပေါ်သို့တင်ကာ ရေခပ်ရန် ရေကို စတင်ငင်လိုက်သည်၊ သူမဘဝမှာ အခြေမကောင်းလို့ လောကဓံရဲ့ အထုအထောင်းကို ခံရပေမဲ့ ဘဝကိုတော့ တင့်တင့်တယ်တယ် အတည်တကျ ဖြစ်လိုသူပါ။ ရေခပ်၍ ပုံးအား မတင်လိုက်သောအခါတွင်ကား.. .
"ငါသောက်ဖို့ရေပေးပါလား"
သူမကြားရသည့် နားကိုပင် မယုံနိုင်အောင်ဖြစ်ရပါသည်၊ အသံရှင်ကို ကြည့်မိတော့ ဂျူးလူမျိုးဖြစ်နေပြီး၊ ဂျူးတွေက သူမတို့လို မျိုးမစစ်တွေကို စကားပြောဆိုခြင်း မပြုကြပါဘူး၊ နောက်ပြီးအသံရှင်က ဆိုလားသော စကားက မဟကရုဏာ ဩဇာအသံအပြည့်ဖြင့် ဖြစ်နေသည်၊လွန်စွာ ကြည်ညိုဖွယ်သော အသံနှင့်ပါလား။

" အသျှင်သည် ယုဒလူဖြစ်နေလျှက် အဘယ့်ကြောင့် ကျွန်မနှင့် စကားပြောရပါသနည်း"

" ငါ့အား သောက်ဖို့ရန် ရေတခွက်သာပေးပါ"

ထိုအရှင်သည် နှစ်သက် ကြည်ညိုဖွယ်ရာ ဥပဓိရုပ်တော်နှင့် သာယာဖွယ်သသော မဟာကရုဏာ ဩဇာအသံတို့က အပြည့်၊ သူမ ထိုအသျှင်အား ကြည့်နေရင်းမှ၊ အလိုလို မိမိ၏ အပြစ်တရားများကို ပြန်မြင်ယောင်ကာ၊ မလုံမလဲ ခံစားနေမိသည်။

" ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်းကောင်း၊ ယခုသောက်ဖို၊ ရေတောင်း သူကိုလည်းကောင်း။ သင်သည်အမှန်သိလျှင် သင်သည် ထဝရ အသက်ရေကို အမှန်တောင်းပေလိမ့်မည် "

"ရေတွင်းပင် ဤမျ နက်လှပေသည်၊ အို၊ နာ၊ သေခြင်းကင်းရာ အသက်ရေကို အဘယ်သို့ရပါအံ့နည်း အသျှင်"

ဤရေတွင်းသည်ပင် ဘိုးတော်ယာကုပ်လက်ထက်မှ အမွေအဖြစ် ရရှိခဲ့ခြင်းကြောင့် သူမတိုကောင်းစွာ သုံးစွဲနေကြရခြင်းဖြစ်သည်၊ ဒါကိုသူမသာ မက သူမတို့ တရပ်လုံးက သိကြလေသည်၊ သို့သော်ထိုအသျှင်ကား အသက်ရေကိုပင် ပေးမည်ဆိုသောကြောင့် သူမ မရဲတရဲဖြင့်ရဲဆေးတင်ရင် . . .

" အသျှင်သည် ကျွန်မတို့၏ ဘိုးတော်ဖြစ်သော ယာကုပ်ထက်ပင် ကြီးမြတ်ပါသလော အသျှင်"

"ဤရေကို သောက်သုံးသောသူမည်သည်ကား တဖန် ဆားငံရေ ကဲ့သို့သော ငတ်မွတ်ခြင်းကို တဖန်ခံစားရပေဦးမည် . . . ငါပေးသောရေကို သောက်သုံးသူမည်သည်ကား တဖန်ငတ်မွတ်ခြင်းကို ဧကန် အမှန် အလျှဉ်း စာလောင်၊မွတ်သိပ်ခြင်းကို မခံစားရတော့ပေဘူး "

ရှက်ကြောက်ခြင်းတရားတွေကြောင့် ဒီရေကိုပင် သူမ အများတကာလို နံက်ခင်းမှာ သော်လည်းကောင်း ၊ ညနေခင်းဆည်းဆာချိန်တွင်လည်းကောင်း လာ၍ရေလာ မခပ်ရဲခဲ့ပါ၊ ယခုတော့ တခါသောက်ယုံဖြင့် ရေမငတ်တော့ပါက သူမနေ့ခင်းကြောင်တောင် နေမင်းနှင့် အပူခြင်းပြိုင်ပြီး ရေလာခပ်စရာ မလိုတော့ပေဘူးပေါ့။

" အသျှင် ထိုရေငတ်ခြင်းနှင့် ကင်းလွတ်မည့် အကြောင်း ထိုအသက်ရေကို ကျွန်တော်မျိုးမအား ပေးသနားတော်မူပါအသျှင်"

သူမမျော်လင့်ကြီးစွာဖြင့် တောင်းခံမိသည်. . သူမ ထိုအသျှင်ကို ဖူးမျော်ကြည့်တော့

"သင်သွား၍ သင်၏ အမျိုးသားကိုခှေုါ်ကာ ဤနေရာသို့ လာ ဦးလော့"

" အသျှင် ကျွန်မမှာ ခင်ပွန်းယောင်္ကျားမရှိပါဘူး အသျှင်"

သူမ၏လျှောက်ဆိုချက်အား၊ ထိုအရှင်က ကရုဏာ အပြည့်ဖြင့် ကြည့်ရှုတော်မူပြီး.. . .

''ဤအရာ၌ သင်သည် မှန်သောသစ္စာစကားကို ပြောဆိုလေပြီ သို့တိုင်အောင် သင်သည် အမျိုးသား ငါးယောက်ရှိဘူးပြီ၊ ယခု သင်နှင့်နေသော သူသည်လည်း သင်၏ခင်ပွန်း မဟုတ်ပေ"

" အသျှင် ကိုယ်တော်သည် အနာဂတဿညာဏ်တော်ရှင် ဖြစ်ကြောင်းကို ကျွန်မ ရိပ်မိပါ၏ ရှေးဘိုးစဉ်ဘောင်ဆက်တို့က ဘုရားရှင်အား ဤတောင်များအထွဋ်တို့တွင် ကိုးကွယ်ရလိမ့်မည်ဟု ဆိုခဲ့ကြပါ၏ အသျှင်"

" အသင်လူသား ဤတောင်ထွဋ်တို့ တွင် လာ၍ကိုးကွယ်စရာမလိုပဲ ကိုးကွယ်ရသော အချိန်သည် ရောက်ဆဲရှိပြီ။ အကြောင်းမူကား ဘုရားရှင်အား ကိုးကွယ်သောသူတို့သည် သစ္စာနှင့် လည်းကောင်း ၊နံဝိညာဉ်နှင့်လည်းကောင်း ကိုးကွယ်ရသော အချိန်သည်ရှိ၏၊ အကြောင်းမှန်ကို ဆိုမိန့်ရသော် ဘုရားရှင်သည် နံဝိညာဉ်ဖြစ်တော်မူသောကြောင့် ကိုးကွယ်သောသူသည် အထက်ပါနည်းတူ စစ်မှန်စွာကိုးကွယ်ရပေလိမ့်မည် "

သူမတွေဝေသွားသည် ဤပုဂ္ဂှိုလ်အသျှင်သည် အဘယ်မည်သော ပုဂ္ဂိုလ်ဖြစ်ပါအံ့နည်း၊ သူမအနေဖြင့် အမှောင့် မိစ္ဆာ ပေါများသော ဤလောက တွင်ဘယ်သို့သော ဆရာယောင်ယောင်၊ သမားယောင်ယောင်များကို အလွယ် မယုံကြည်မိရန် သတိအသင့် ရှိရပေမည်။

" ကျွန်တော်မျိုးမတို့ မျှော်လင့်စောင့်စားနေသော ဘုရားရှင် ကြွလာသောအခါတွင် ထိုအရာများကို မေတ္တာရှေ့ထား၍ အသေးစိတ်ဟောကြား မိန့်မြွတ်တော်မူပါလိမ့်မည် အသျှင်"

" သင်နှင့်ယခု စကားပြောနေသောသူသည် ထိုအရှင်ပင်ဖြစ်တော်မူပြီ"

သူမ အံ့ဩသွားရပြီ သူမတို့စောင့်မျှော်နေသော ဤဆုတ်ကပ်ကာလတွင် ဘုရားရှင် ºကလာမည်ဆိုသော တဘောင့်စကားအရ ဤအသျှင် သည် အမှန်ပင် ဖြစ်တော်မူနေပြီလော။

သူမတွေဝေ မနေတော့ပါ၊ ဤစကား အသွားအလာ မိန့်မြွတ်တော်မူသော စကားတို့သည် မှန်သည် မှားသည်ကို ကောင်းစွား ဖြေရှင်းသိနိုင်ပေသော သူများကို သူမ သွားရောက်ကာ ခေါ်ရန်သာ စိတ်ဆုံးဖြတ်လိုက်လေတော့သည်။ အားလုံးသော ရပ်မိ၊ ရပ်ဖ တို့သည် လည်းသူမနှင့် အတူ လိုက်ပါလာကြပြီး နောက် ထိုအသျှင်နှင့် တွေ့ဆုံ ကာ မေးမြန်းလျှောက်ထားကြလေသည်။ ထိုအသျှင်သည် လည်း အတိ အလင်းဟောကြားသော တရားစကားတို့သည် အံ့ဖွယ်ကောင်းစွာ ၊ မြေကြီး လက်ခတ်မလွဲ တိကျသော တရားဓမ္မများကို ဟောကြားတော်မူလေသည်။

" အို . . လောကလူသားတို့သင်တို့သည်၊ ဗီဇဟု ဆိုအပ်သော အပြစ်တရား မှ အဘယိသို့လျှင် လွတ်နိုင်ပါအံ့နည်၊ 'ဘုရားမပါ လူဗလာဟု သင်တို့ အချင်းချင်းပင် ပြောဆိုတတ်ကြသည် မဟုတ်ပါလား ကောင်းသော အပြုအမူတို့သည်၊ ဤလောက၌ ကောင်းသော အကျိုးကိုပေးနိုင်သော်ငြားအံ့၊ တမလွန်နောင်ရေးအတွက်ကား ဘုရား မပါသောသူသည်၊ တက်မဲ့လှေနှယ် မကျွတ်လမ်း၌ ခရီးဆုံးကြရပေတော့ မည်တည်း"

" အဘယ်သို့ လွတ်ကင်းနိုင်ပါအံ့နည်း အသျှင်"

" ပြုမိခဲ့သမျ အပြစ်တွေ အတွက် နောင်တနှင့် အတူ ဘုရားရှင်ထံ ချဉ်းကပ်ကြပါကုန်လော့"

" ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွတ်တော်မူရန်၊ ရိုသေလေးမြတ်စွာ မာန်ခဝါချကာ တောင်းပန်ဝန်ချပါ၏ဘုရား"

" တရားဖက်တော့ အမျက်ပြေ၊ ဘုရားဖက်တော့ အသက်ရှည်ဆိုသည့် အတိုင်း သင်တို့သည်၊ ဘုရားအနွယ်ဝင်များ ဧကန်ဖြစ်ကြလေပြီ တကား ဟု ငါအမှန်မိန့်တော်မူ၏"

ခရစ်တော် အသျှင်ထံမှ တရားဓမ္မများကို ကြားနာကြရအပြီး ၊ ဝမ်းမြောက်စွာဖြင့် အိမ်အပြန်လမ်းမှာတော့ ၊ လူကြီး၊ လူငယ်၊ လူလတ်မကျန် အားလုံး ရဲ့ အပြုံးတွေက အားလုံး၏ မျက်နှာတိုင်းတို့တွင်တိမ်ကင်းစင်သော ငွေလစန္ဒာ သော်တာနှယ် အလား ဝင်းပသာယာနေကြလေပြီ၊ ရွာအဝင်မှာတော့ အသင့်စောင့်နေကြသော လူထုကြီးက ၊ ရင်သပ်ရှုမော အံ့ဩဘွယ် ဖြစ်ရလောက်အောင်ပင်များပြားနေသည်။

" ဟေ့ .. . .မင့်တို့ကလည်း ဒီသူငယ် မပြောတိုင်း ယုံကြတာပဲလားကွ "

ရွာသူကြီးမှ စီးကြိုကာ မေးသော မေးခွန်းကို သူမကောင်းစွား ကြားလိုက်ရသည်။ ဪသာ် ထင်ကြပေမပေါ့၊ သူမ ဘဝက လူတွေရဲ့ အမြင်မှာ တင့်တယ်ခြင်းမှ မရှိလေပဲ၊ မည်သို့ပင်ဆိုစေ သူမ လူဖြစ်ရကျိုးနပ်ပေပြီ၊ ဤဘဝမှာ ဘဝပေး အခြေ မကောင်းရပေသော်ငြားလည်း၊ ရခဲလှသော လူ့ဘဝမှာ တစ်ဆူတည်းသော ဘုရားရှင်ကို ဖူးတွေ့ ကိုးကွယ်ခွင့်ရခဲ့ပေပြီ၊ သူမမျော်လင့်ခဲ့သည်ကလည်း ဤ ဒုက္ခများမြောင်လှသော ဘဝဆိုးမှ လွတ်မြောက်၍ အို ၊ နာ ၊ သေခြင်းကင်းရာ နန်းအမတ ကို တက်လှမ်းနိုင်ရေးပင် မဟုတ်ပါလား၊ လူတွေ ဘယ်လိုပဲ ပြောကြပြောကြ သူမ ကဏ္ဍတနေရာမှ ဤလောက တွင် အကျိုးပြုခွင့် ရခဲ့သည်က ဘဝတွင် အမွန်မြတ် ဆုံးသော အမြတ်ကြီးတခုပင် မဟုတ်ပါလား။

" ဟေ့ . . ငါတို့သည် သူငယ်မပြောသော စကားအားဖြင့်သာ ထိုဘုရားကို ဖူးမြော်ယုံကြည်ကြ သည်မဟုတ် အမှန် ဧကန် ဘုရားဖြစ်ကြောင်းကို ကိုယ်တိုင်သာ သိမှတ်ပြီးမှ ယုံကြည်ကြခြင်းဖြစ်ပါတယ် အရပ်တကာ လူကြီးမင်းတို့ခင်များ"

" ဟုတ်ပါတယ် ခင်များ ထာဝရ ဘုရားကောင်းမြတ်သည့် အကြောင်းကို မြည်းစမှု၍ သိမှတ်ကြလော့ ဆာလံ ၂၃း ၈ မှာ ပါတဲ့ အတိုင်း ကိုယ်တွေ့ အားဖြင့်သာ ယုံကြည် သက်ဝင်လာကြတာပါ ဥက္ကဌကြီး ခင်များ ။ သူငယ် မကတော့ ဘုရားရှင်ထံ ကျွန်ုပ်တို့ရောက် ရှိရန် ဦးဆောင်ပေးခြင်းသက်သက်သာ ဖြစ်ပါတယ်"

" အေး. . . အေး. . .ဒါဖြင့် ငါ့ကိုလည်း မင့်တို့က တဆင့် ထိုအသျှင် ဘာတွေ ဟောကြားတော်မူသည်ကို ပြန်လည်ပြီး ပြောကြပါဦးကွာ ၊ ငါလည်း လူထဲကလူပေမို့၊ အကျွတ်တရားတော့ လိုအပ်ပါတယ်၊ ကဲ . .ကဲ. . . ငါ့ကိုလည်း ဒီလို လွတ်ခြင်းတရားတော်ကို ကြားနာခွင့်ပေးကြပါဦး "

အားလုံးအထဲမှ ကောင်းစွားဝေငှ ဟောပြောတတ်သော သူတယောက်က တဆင့်ပြောပြလေခြင်းအဆုံးတွင် ဥက္ကဌကြီးသည်လည်း၊ ခရစ်တော်၏ ကယ်တင်ခြင်းတရားကို လက်ခံယုံကြည်ကာ လွတ်ခြင်းအခွင့်ကို ရရှိသွားလေသဖြင့် ၊ သူမနှင့် ရွာသူ၊ ရွာသား အားလုံးတို့သည် ဂုဏ်တော်တေးကို ကျူးဧလျှက် ရှိကြလေတော့သတည်း။

xxxxxx အိုအဖ xxxxxx ကျွန်ုပ် ဝမ်းမြောက် xxxxxx ဝမ်းမြောက်လျှက် xxxxxx နေ့စဉ်သက်တာ xxxxxx ချီးမွမ်းမည် နာမတော် သက်ရှင်စဉ်ခါ xxxxxx ဟာလေလု xxxxxx ပတ်သာစောင်းများကို တီးကာ xxxxxx ကခုန်ရွှင်မြူးလျှက် ချီမွမ်း
xxxxxx ဟာလေလုယာ နာမတော် ဘုန်းကြီးစေxxxxxx

ဓမ္မအဆွေများဘဝအမောပြေ၍ ခိုင့်ခန့်နိုင်ကြပါစေ။
နာမတော်မြတ်၌
Samuel Soe Lwin