Thursday, May 20, 2010

ဘုရားတရား












သမ္မာတရားမသိလျှင်
အသိတရားလည်းမရှိ
အသိတရားမရှိမှတော့
ဘုရားဝတ်မှာမမွှေ့လျှော်
အပြစ်နွံမှာပျော်လျှက်
အမှားများစွာ
ကြုံကားကြုံနေ
ဘုရားကိုလည်းအကောင်းမမြင်နိုင်ပေ။

သမ္မာတရားသိလျှင်
အသိတရားယှဉ်
အသိတရားရှိမှတော့
ဘုရားဝတ်၌လည်းမွှေ့လျှော်
အလိုတော်မှာပျော်လျှက်
ကောင်းခြီးခံစား
လက်တွေ့တရားမို့
ဘုရားကိုလည်း မပစ်နိုင်ပေ။

ဘုရားနှင့်သမ္မာတရား
ခွဲခွါ၍မရစတမ်းမို့
သမ္မာဖက်လျှင်
ဘုရားလည်းသက်ဝင်
တစ်ဆူဘုရားနှင် တစ်ခွန်သောစကားမှာ
ကိုးစားသူတို့ အကျိုးမယုတ်
အဟုတ်လက်ခံ မြည်းစမ်းလိုက်ပါ။ ။