နှစ်သစ်ကိုကြိုဆိုခြင်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, May 20, 2010

နှစ်သစ်ကိုကြိုဆိုခြင်း



နှစ်သစ်တဲ့
လူတိုင်းကရင်ခုန်
မျှော်လင့်ကာကြိုဆို
ပျော်ရွှင်ပုံလည်းမတူညီကြပါဘူး
အချို့ကစည်ဘီယာ
အချို့က မဒီကညာနှင့်
သောက်စားမူးယစ်
ခုန်ကာဟစ်လျှက်
ပျော်လိုက်သည်မှာညလုံးပေါက်
သခင်ဘုရားလည်း ချောင်ကိုရောက်သည်
လောကသားတို့ရဲ့နှစ်သစ် ကြိုဆိုခြင်းရဲ့အခန်းဆက်။

နှစ်သစ်တဲ့
လူတိုင်းကရင်ခုန်
မျှော်လင့်ကာကြိုဆို
ဆက်ကပ်ပုံလည်းမတူညီကြပါဘူး
အချို့ကကတိသစ္စာ
အချို့ဆုံးဖြတ်ချက်မဟာနှင့်
ဂုဏ်တော်တေးကျူး
ကတိသစ္စာလှိုင်လှိုင်ဦးလျှက်
နှစ်သစ်ဦးခါမလွန်ခင်ဘူး
ကတိသစ္စာလည်း နှင်းသို့ပျောက်သည်
အမည်ခံတချို့ရဲ့နှစ်သစ် ကြိုဆိုခြင်းရဲ့အခန်းဆက်။

နှစ်သစ်တဲ့
ငါတို့လည်းရင်ခုန်
သမ္မာကျမ်းနှင့်အညီ
ဆက်ကပ်ရန်ကြံစည်တော့
လာခဲ့ငါ့ထံချမ်းသာဧကန်ပေးမည်အမှန်တဲ့
မွတ်သိပ်ဝိညာဉ် ကြွယ်ဝခြင်းလည်းပေးမည်အစဉ်တဲ့
ချီးမွမ်းဧကျူး
နှစ်ဟောင်းတွေကိုအောက်မေ့ရေစဉ်
ဝမ်းမြောက်မျက်ရည်ရစ်ဝေသီသည်
နှစ်သစ်တံခါးလည်းငါတို့ဝင်အရောက်
ကောင်းကြီးတွေလည်း ဖြိုးလျှံမောက်။


ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages