Friday, May 28, 2010

နေ လ နှစ် စင်းပြိုင်



"ဘူ.. ဘူဘော်. . . ဘူဘော်"

မော်လမြိုင်ကျွန်းမှ ရန်ကုန်သို့ ထွက်ခွါလာသော 'ပုသိမ်သူ သင်္ဘောသည် ခရီးစတင်ထွက်ခွါသည်နှင့် တာဝန်ကျေပွန်စွာ အချက်ပေးသံကိုပြုပြီး မော်လမြိုင်ကျွန်းဆိပ်ကမ်းမှ စတင်ထွက်ခွါနေပေပြီ။ ခရီးသည်များအားလုံးကလည်း မိမိတို၏ လိုရာခရီးကို သွားရမည့်သူဖြစ်သောကြောင့် ပျော်ရွှင်နေသူရှိသလို၊ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွါလာရသောကြောင့် ငိုနေသူလည်း ရှိ၏။ လက်ပြကျန်ရစ်နေသူများရှိနေသလို၊ ခွဲခွါခြင်းဆိုသော ကိစ္စတခုကို မခံစားနိုင်၍ ငိုေºကးနေသော သူတို့ကလည်း တဖုံ၊ လူဘဝ ဇတ်ခုံက ရသဇတ်ခွင် အစုံအလင်ပင် မြင်တွေ့နေရသည်။

သူသည်လည်း 'လှိုင်းဘုန်းမှ မော်ကျွန်းမြို့တိုင်အောင် လိုက်ပိုကြသော၊ အသင်းသူ၊သားများအားနှုတ်ဆက်ရန် မမေ့သောသတိဖြင့် လှည့်ကြည့်လိုက်တော့ အားလုံးက သူ့အား လက်ပြနှုတ်ဆက်နေကြပြီ၊ ထို့ကြောင့်သူသည်လည်း လိုက်ပါပို့ဆောင်ကာ ကျန်ရစ်နေခဲ့ကျသော အသင်းသား၊ သူများအား လက်ပြနှုတ်ဆက်လိုက်သည်။ လက်ပြနှုတ်ဆက်အပြီး နေရာကို လှည့်လိုက်တော့။

" ငါ့တူတို့ကဘယ်ကိုသွားမှာလည်း"

"ရန်ကုန်သွားမလို့ပါ"


အနီးမှ ခရီးသည်တဦး၏ အမေးကိုသူဖြေလိုက်ရင်း ခရီးသည်ကိုကြည့်မိတော့ ပြုံးရွှင်နေသော မျက်နှာထားဖြင့် သူ၏လက်ထဲမှ လက်မှတ်ကိုကိုင်ရင်း နေရာကိုရှာနေသည်ကို သူမြင်တွေ့ရလေမှ စကားကိုပြန်၍ ဖြေနေရာမှ ကူညီရကောင်းမှန်သိသွားသည်။

"ဦးလေးကြီး ဘာရှာနေတာလည်း ကျွန်တော်ဘာကူညီပေးရမလဲ"

"ဟိုလေ. . . ဦးလေးနေရာက နံပါတ်ကို ရှာမတွေ့လိုပါကွယ်"

ဦးလေးကြီးလက်မှ ဖြတ်ပိုင်းကိုယူ၍ကြည့်လိုက်တော့ သူ၏ ညာဘက်ထောင့်တနေရာမှ နေရာအမှတ်ဖြစ်နေသောကြောင့် သူကကူညီ ညွန်ပြပေးလိုက်တော့ ဦးလေးကြီးက. . .

"သာဓုကွယ်. .သာဓု၊ သာဓုငါ့တူကြီး အသက်ရှည်၍ဘုန်းကြီးပါစေကွယ်"

ဆုတောင်းမေတ္တာပို့ကာ ထွက်သွားသော ဦးလေးကြီးအား သူငေးကြည့်နေရင်း သူ၏ နေရာတွင် ဝင်ထိုင်လိုက်ကာ၊ ဘေးဘီးဝဲယာမှ ခရီးသည်များကို ကြည့်လိုက်တော့ အားလုံးသော ခရီးသည်များက သူ့နေရာနှင့် သူစုနေကြပေပြီ။
တဖြည်းဖြည်းနှင့် မော်ကျွန်းမှ ဝေးသထက်ဝေးလာပေပြီ၊ အချိန်သည်ကား တဖြည်းဖြည်းနှင့် အမှောင်ကိုလုနေချေသည့်အတွက် ။ ညဇီးကွက်တို့၏ အချိန်သည် တန်လောက်ပေပြီမဟုတ်ပါလား၊ သူအနေနှင့်တော့ လှိုင်းဘုန်းမှာ နေစဉ်က ဧဝံဂေလိ တရားဟောပြောခဲ့ကြမှုများနှင့် ရပ်သူရွာသားများ၏ တုန့်ပြန်မှုများကို ပြန်ပြောင်းမြင်ယောင်ရင် နောင်နှစ်နွေရာသီတွင် ဘုရားအခွင့်ပေးပါက ထပ်သွားရန်ဆုံးဖြတ်ချက်ချလိုက်သည်။

အပြစ်ကင်းစင်သော ကလေးသူငယ်များအား နေ့ခင်းတွင် အင်္ဂလိပ်စာသင်ပေးရင်း၊ တဖန် ဆန်းဒေးစကူးလ် သီချင်းနှင့် ဓမ္မပညာပိုင်းဆိုင်ရာများကို သင်ပေးတော့ ပျော်ရွှင်ဝမ်းသာနေသော ကလေးသူငယ်များနှင့် ကလေးမိဘများကို သူပြန်၍ သနားအောက်မေ့နေမိတာကတော့ 'မိမိရပ်ရွာမှ မိဘဆွေမျိုးများနှယ်. .သတိယအောက်မေ့မိသည်ဆိုလျှင် မှားအံ့မထင်ပါလေ။

" အကိုရာ သူက ထွက်ရပ်ပေါက်အောင်သွားတာဗျ"

"ဟုတ်တယ်အကို သူ့ကို အချို့က ထိုင်းဘက်မှာ ပြန်တွေ့ဘူးကြသူတွေကို ကျွန်တော်ကိုတိုင်မြင်ဘူးတာဗျ"

"အေးပါကွာ. . အဲ့ဒါကြောင့် ရခဲလှတဲ့ဘဝမှာ လူ့ဘဝကို အကျိုးရှိရှိ အသက်ရှင်နေထိုင်ခြင်းက ဘဝအတွက်အမြတ်ပဲကွ၊ အဲ့ဒါကိုမသိတတ်လို့ ထင်တိုင်း ကျဲနေသူတွေအတွက်ကတော့၊ အမျိုးအတွက်၊ ဘာသာ သာသနာအတွက် အကျိုးမပြုယုံသာမက အမှောင့်တွေပါဖြစ်ကြပြီး လူဖြတ်ရကျိုးလည်း ရှုံးမို့ဘဝနှစ်ခါနာရတာပေါ့လေ"

သူ၏ လင်္ကျာဘက်မှ လူတစု၏ ပြောနေသောစကားများက အတိုင်းသားကြားနေရသည်၊ သူတို့ကလည်း သူတို့အုပ်စုနှင့် သူတို့ စိတ်အားထက်သန်စွာဖြင့် ဆင့်ကမ်းဟောပြော၍ နောက်မျိုးဆက်သစ်များအတွက် သတိပေးဆော်အောနေကြသည်၊ စုစုပေါင်းမှ ဘိုးတော်ကြီးအသွင် ဆံရှည်နှစ်ဦးနှင့် နောက်လိုက်နောက်ပါများဖြစ်သော လူလတ်ပိုင်း သုံးဦးပင်ဖြစ်သည်။

" အရှေ့အရပ့်ရှိသော အနန္တစကြာဝဠာ၊ အနန္တသတ္တဝါတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ"

လက်မှတ်ဖြတ်နောက်ကျသောကြောင့် 'ပုသိမ်သူ ခရီးသည်များ အကြား သူတို့ အတါက် လာစဉ်ကလို အထူးခန်းများမရတော့သည့်အတွက်၊ အထက်ခန်းခေါ် ခေါင်မိုးခန်းတွင်သာ နေရာယူခဲ့ကြရသောကြောင့်၊ ယခုမိမိတို့၏ ခြေရင်းဘက်တွက်ရှိနေသော 'ဆရာလေး ( ခရစ်ယာန်ဆရာလေး မဟုတ်သော မယ်သီလ) တပါးက ဆုတောင်း မေတ္တာပို့သနေသည်ကို အတိုင်းသားကြားနေရသည်တချို့က သာဓုခေါ်နေကြသလို အချို့ကလည်း ဖာသိဖာသာဖြင့်ပင် မိမိဆိုင်ရာဆိုင်ရာကို ပြုလုပ်နေကြသည်။

ထိုအခိုက်တွင် သူတို့၏ လက်ယာဘက်တွင် လူငယ်နှစ်ယောက် တက်ချလာသည်၊ သူသေချာစွာသတိထားလိုက်တော့ သူတို့၏ လယ်ပင်းတွင် ဆွဲထားသော ၅မူးသားခန့်ဆွဲကြိုးကလေးက အရောင်တောက်ပစွာ မီးရောင်အောက့် လင်းလက်နေသည်၊ အထူးသဖြင့် 'လက်ဝါးကားတိုင်ကလေးက အထင်းသားပေါ်လျှက်။

"ငါ့ညီတို့က ဘယ်ကလည်း"

"ကျွန်တော်တို့က အင်းစိန်၊ ဟိုက်ပါတ်ကပါ"

"ဟာဒါဆို ဟန်ကျတာပဲ အကိုတို့လည်း ဟိုက်ပါတ်ကပဲလေ"

"ဟုတ်လား"

မဖြေချင်ဖြေချင်ဖြေကာ သူတို့အား မျက်မှောင်ကုတ်ကြည့်ကာ၊ အိတ်ကိုယ်စီဖြင့် သူတို့နေရာသို့ လူငယ်လေးတွေက ဝင်ရောက် နေရာယူလိုက်ကြသည်၊ သူတို့ရဲ့အဖြေစကား ကို ကြားတော့ ခရီးသွားဖက် မောင်ကျော်စွာက သူ့အားလက်တို့ရင်း။

"မေးမနေပါနဲ့ ဆရာနွေဦးရာ သူတို့က ဖြေချင်ပုံမရပါဘူး"

"အေးပါကွာ ငါကလည်း ကိုယ့်ယုံကြည်သူအချင်းချင်းဆိုတော့ ဘာပဲဖြစ်ဖြစ် သိထားတော့ ပိုကောင်းတာပေါ့ဆိုတဲ့ အသိနဲ့မေးလိုက်တာပါ၊ လူမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်း လူတကိုယ် အကြိုက်တမျိုးဆိုတော့ ဖြစ်တတ်ပါတယ်ကွာ"

သူစကားထပ်မပြောဖြစ်တော့ပဲ ပါလာသော ဘာသာပြန်ရန်စာမူများကို ခြုံငုံ၍ သိထားရန် ခရီးဆောင်အိတ်ထဲမှ ထုတ်ကာ ဖတ်နေလိုက်တော့သည်။ သူစာဖတ်နေစဉ် ခရစ်ယာန်လူငယ်လေးများက သူတို့နေရာမှ ထသွားကြသည်ကို သတိမထားလိုက်မိပေမဲ့ ပြန်ဝင်လာတော့ သူ့အတွက် ကောင်းကောင်း ကြီးကိုပင် သတိထားဖြစ်သွားသည်။ ဖြစ်ရတဲ့အကြောင်းကတော့ အခြားမဟုတ် သူတို့လက်ထဲမှာ ' အညိုရောင် ပုလင်းညီနောင်ကလည်း သူတို့နှင့် အတူ ပါလာသောကြောင့်ပါပေ။

အရာရာက မြင်တတ်ရင် သင်္ခန်းစာပေမို့ သူမျက်စိနှင့် နားကိုတော့ အစဉ်အမြဲလိုလိုပင် ဖွင့်ထားတတ်သည့် အလေ့အကျင့်အရ သိမြင်ရခြင်းပါ၊ စပ်စုလိုသော စိတ်မရှိပေမဲ့ စူးစမ်းလိုသော စိတ်တော့ဖြင့်ရှိနေသည်ပင်။

" ဟင်း... ...အလိုက်ကန်းဆိုးလည်း တယ်မသိတတ်တဲ့ကလေးတွေ"

" ဟုတ်ပါရဲ့တော် လူလေးတွေကြည့်လိုက်တော့ နို့နံ့တောင် စင်မှာ မဟုတ်သေးဘူး"

ပွစိပွစိဖြင့် သူတို့၏ ခပ်လှမ်းလှမ်းမှ လူမမာ မိခင်သားအမိမှ ထွက်ပေါ်လာသော ယမကာ အနံ့ကြောင့် မကျေနပ်ချက်များ ထွက်ပေါ်လာသည့်စကားက သူတို့အတိုင်းသား ကြားနေရပေမဲ့ ထိုကိုရွှေဟိုက်ပါတ် မင်းသား ကလေးများကတော့ ကြားနိုင်ကြဟန်မတူ၊ အကြောင်းကတော့ ဗိုလ်နေမြဲ ကျားနေမြဲ သောက်မြဲသောက်လျှက်ပင်ဖြစ်သည်။

xxxxx ကော်လံပေါ်မှာနှုတ်ခမ်းနီ နင်လေလည်တာမိပြီ xxxxx မိစမ်းလက်ချက်လား xxxxx မိသက်လက်ချက်လား xxxxx ကော်လံပေါ်မှာ အနီစက် xxxxx တရားခံဘယ်သူလဲဟေ့xxxxx

ပုသိမ်သူသင်္ဘောရေယဉ်၏ တီဗွီဖန်သားပြင်မှာ ဖျော်ဖြေလျှက်ရှိသော မေခလာသီချင်းသံကလေးက ပျံလွင့်နေသည်။ ထိုသီချင်းစာသားက အလိုလိုနေရင်းသူ့အား အတွေးနယ်ချဲ့စေသည်။ မှန်သည် ဟန်ဆောင်၊ လိမ်ညာမှုဟူသည်၊ အချိန်အတိုင်းအတာတခုအတွင်းသာ ဖုံးကွယ်နိုင်စွမ်းရှိပြီး၊ တနေ့နေ့အချိန်ချိန်တွင် ပေါ်ထွက်လာပေလိမ့်မည်၊ ဒါက သမ္မာကျမ်းနည်းသာမက 'လောကသားများကပင် အကင်းပါးကြလေသည်။

" ကလင်. . . ကလောင်. . . "

"ဒုတ်. . . ဂလောင်"

အသံလာရာစီသို့ အားလုံး၏ မျက်လုံးမျာက ပြိုင်တူရောက်ရှိသွားကြသည်။ အားလုံးက ရှုံ့မဲ့သွားသောအကြည့်များနှင့် နှာခေါင်းရှုံ့သွားသောကြောင့် သူပင်လန့်သွားသည်၊ သို့သော် ကာယကံရှင်ထိုလူငယ်နှစ်ဦးကား လုံးဝမမူရေးချမူ။

" အရှက်ကိုမရှိကြဘူး. . . တကယ့်သေနာကလေးတွေ"

ချီးမွမ်း ခွန်နှစ် ရက် ကဲ့ရဲ့ ခွန်နှစ်ရက် ဆိုသောစကားအတိုင်း လူတို့က ပြောကြသည်မှာမှန်သော်လည်း၊ ထိုစကားတို့သည်ကား အားလုံး. အသဲဗဟိုတွင် စွဲထင်သွားပါက အဘယ်သူသည် လာရောက်ဖျက်စီးနိုင်ပါမည်နည်း။

ဓမ္မအမှုတော်ဆောင်ဖြစ်သည့်အတိုင်း သူအလိုလိုပင် ကျမ်းပိုဒ်တခုပြီး တခုဆက်တိုက်ကို သွှုား သတိရမိသည် ကား ရောမ ၂း၂၄ နှင့် မဿဲ ၅း၁၆ တို့၏ စာသားကလေးများပင်ဖြစ်ပေတော့သည်။ ခရီးသည်များအား အပန်းဖြေစေရန် ဖွင့်ထားသော မေခလာ၏ သီချင်းသံမှအပ အရာရာတို့သည် လုံးဝ တိတ်ဆိတ်သွားသည်။ သူသည်လည်း အာရုံများကို စုစည်းလိုက်၍ စာကိုသာ အာရုံသာစိုက်ဖတ်နေလိုက်ရန် ကြိုးစားလိုက်သည်။

အချိန်မည်မျကြာသွားသည်မသိ၊ သတိရှုကြည့်လိုက်တော့ ခရီးသည်အများစုက ည အချိန် ဆယ့်တစ်နာရီမို့ အိပ်သူကအိပ်၊ အနားယူ၍ နေသူကနေ ဖြစ်နေကြပေပြီ၊ မေ့ပျောက်ရန်ခက်သော သူ့အတွက်တော့ မဆီမဆိုင်ပင် ကိုရွှေမင်းသားကလေး နှစ်ဦးကိုကြည့်လိုက်တော့ သူ့အတွက်တော့ ရင်တွင်းမှာ ကြယ်တွေလတွေပင်မြင်လိုက်မိသည်၊ အထူးသဖြင့် 'နေ နှင့် လ နှစ်စင်းပြိုင်ထွက်ပေါ်နေသည် ဟူ၍ ပင်မြင်မိသည်။

အကြောင်းသော်ကား ကိုရွှေမင်းသား နှစ်ပါးက အခန့်သား စာဖတ်နေကြသည်။ စာအုပ်၏ အမည်ကား 'နေ့စဉ်ခွန်အား ပင်ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။

သို့သော် သူ့အနေဖြင့် ဖြေသာစေရန် လမ်းစ တခုကတော့ဖြင့် သူတို့ဖတ်နေသော စာအုပ်က မြန်မာစာဖြင့် မဟုတ်ပဲ 'ဥကမီငေူပ မြန္ဒေိ ဟူသော အင်္ဂလိပ်ဘာသာဖြင့် ဖြစ်သောကြောင့် မျက်နှာပူသွားပေမဲ့ သူဖြေသာပါသည်။
သို့သော် ရင်တွင်းမှာ ဝင်ရောက်လာသော အိန္ဒိယသမိုင်း ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ၏ 'ငါသည် သမ္မာကျမ်းစာမှ မြတ်ဘုရားကိုချစ်သော်လည်း၊ ခရစ်ယာန်တွေကိုကား ငါမုန်း၏ ဆိုသောစကားနှင့်အတူ ရောမ ၂း၂၄ နှင့် မဿဲ ၅း၁၆ စသော အထက်ပါကျမ်းချက်များကိုတော့ဖြင့် သူဏ္ဍအနေဖြင့် ဧကန်အမှန်ပင် လာမည့် တနင်္ဂနွေနေ့တွင် တရားဟောရန် စိတ်ဆုံးဖြတ်လိုက်တော့ သည်ကာ 'အခိုင်အမာပင်ဖြစ်လေတော့သည်။

ဓမ္မအဆွေများ ဘ၀အမောပြေ၍ အစဉ်ခိုင်ခန့်နိုင်ကြပါစေ

နာမတော်မြတ်၌
Samuel Soe Lwin