
နောက်ကြောင်းကို တလှည့်ပြန်
တွေးဆကာ ဆင်ခြင်ပြန်တော့
သခင့်ကတိတော် ရာထောင်ကျော်လည်း
နေ့ရက်စဉ်တွင် ပြည့်မြဲပင်မို့
ကောင်းကြီး အထောင်ထောင်
မို့မောက် လျှံပြောင်လို့
ချီးမွမ်းကျေးဇူး ဂုဏ်တော်ကျူးလို့
ဝမ်းမြောက်ဝမ်းသာ ကြည်နူးဖြာ၍
ထပ်လောင်းဆင့်ကဲ့ ကောင်းကြီးရွဲသည်
ကောင်းကြီးဝဿာန် အချိန်မှန်မှန် ။ ။
ဆယ်မြူရယ်စိုးလွင်