Home » » လွန်ခဲ့လေတဲ့ခရစ္စမတ်

လွန်ခဲ့လေတဲ့ခရစ္စမတ်












သခင်လူဇာတိခံယူရာ
လွန်ခဲ့အခါသမယမှာက
လက်ဆောင်တွေဆင့်ကမ်းမျှဝေ
ပျော်လိုက်သည့်အဖြစ်ရယ်များ
မီရောင်စုံ ဝေဝေဆာဆာနှင့်
ဂီတသံ အသံလွင်လွင်တွေကြား
ရီဝေဝေ အပြုံတွေ
လှိုင်လှိုင်ပွင့်ဆင့်ခြွေသင်းရင်း
ပျော်မဆုံး မော်မဆုံး
အို့အို့ ဒီကမ္ဘာမှာလေ အပျော်ဆုံးပေါ့ .........

အားလပ်ရက်ခွင့်လည်းကုန်
ဘဝခရီးရဲ့တာ ပြန်စရန်လည်းကြုံမှ
ပျော်ရွှင်ခဲ့ဒီဇင်္ဘာရယ်
အိပ်မက်ပမာရယ်အလားသို့
တမ်းတမြင်ယောင် ငါအပျော်ကျူးခဲ့တဲ့ဒီဇင်္ဘာ ။ ။


ဆယ်မြူရယ်စိုးလွင်

Facebook

အကြိုက်များသောပို့စ်များ

ယေရှုရှင်အား တိုင်တည်ခြင်း

  အာဝဇ္ဇန်းရွှင်ရွှင် ဥပမာဥပမေယျတွေဖြင့်  ဟောပြောသွန်သင်  အလွှာခွင်ဆင့်စုံတို့  သဘောပေါက်နားလည် လက္ခံလွယ်ကျင့်သုံး  အကျိုးကျေးဇူးရာထောင်  က...

 
Created By Samuel Soe Lwin | Distributed By Grace Church-Yay Tho