ကိုရွှေလိပ်ခရစ်ယာန် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Friday, May 28, 2010

ကိုရွှေလိပ်ခရစ်ယာန်




အကြိမ်ကြိမ် အခါခါတိုင်း
အို …. ငါလေလူသား
အသွေးအသားသမားမို့
မှားတတ်ပေမည်
ခွင့်လွတ်တတ်စေဖို့
သင်သာပြင်ဆင်
အမြင်ကလေးတွေသာ
မြင်တတ်မှသာ လူမှန်အသွင်တဲ့။
 
တကြိမ်တခါကလေး
အို…ငါလေလူသား
ခြေခြော်လမ်းမှားမည့်အသွင်
လမ်းစအပြင်ဟန်ဆင်တော့
သင်ကားမရင့်ကျက်
သူငယ်သာသာအဆင့်မို့
ကြီးထွားရင့်ကျက်စုံလင်ရန်
တက်လှမ်းနိုင်မှ လူမှန်အသွင်တဲ့။
 
မဝေးသေးပါဘူး
ခေတ်တွေလည်း မပြောင်းလဲသေးပါဘူး
ပြီးစလွယ်မင့်ပြောခဲ့တဲ့
သစ္စာတရားတွေ
နှုတ်လွယ်လွယ်နှောခဲ့တဲ့
မင့်ပေးတဲ့မေတ္တာတွေ
အခုတော့လေ….
ဘယ်ဌာနေ ဘယ်စခန်း
ဘယ်ရောက်လို့
ဘယ်လိုပျောက်
မေးချင်ပေမဲ့
ဒါတွေက ခေတ်သစ္စာလား
ဒါတွေက မင့်မေတ္တာလား
ဖြေပေးပါလေ
တနေ့ကချစ်
မနေ့ကပစ်ခွါ
ဘဝအပြေးလမ်းမှာ ဒီနေ့မင့်နဲ့ငါ ….။

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages