ဇာတိသဘော ရေစုန်မျောပါ
ဖြစ်လာပြဿနာ "၁၆၀၀ဝ´´အား
ထပ်ထပ်ညွှန်ဆို အပြစ်ပုံချတော့
"ဒါက စာတန်လုပ်ရပ်တဲ့´´
တရားသလား ပြန်စဉ်းစားက
အပြစ်အစ မူလစာတန်
မငြင်းသာလည်း ဒို့သာဆန္ဒ
မရှိရိုးမှန်လျှင်
"ဖျားယောင်းသွေးဆောင် ဝိုင်းပတ်ရံဦးတော့´´
တစ်ဖန်နောင်တ အမှန်ရလျှင်
မုချမသွေ ရှောင်သွေဖယ်၍
"ဧကန်စင်စစ် အောင်နိုင်မည်´´
နောင်တကင်းမူ ထိုထိုလူသည်
ဘယ်ခါမရ သက်ထာဝရ
"ဘယ်သူမပြု မိမိမှုတည်´´
ဇာတိသဘော ရေစုန်မျှောလျက်
ဖြစ်လာပြဿနာ အမှုအရာကို
လုပ်ရဲခံရဲ ဝန်ခံရဲပါ
"စာတန်လို့တော့ မပြောနဲ့´´။
Samuel Soe Lwin
အခြေပြု- မဿဲ ၁၈း၇ ယာကုပ် ၁း၁၄-၁၅