Monday, February 15, 2010

အဆုံးအဖြတ်




 






ဤကမ္ဘာဝယ်    သုခစုံချယ်လျက်

လူသားအား    ဘုရားထားလည်း

ဖန်ဆင်းသခင်အား    သူဖယ်ရှား၍

အစစ်ကို မမြင်    အပြစ်ကို စုံမင်လေခဲ့




အပြစ်ကိုဆေးချယ်    မက်လုံးပေးသွယ်လျက်

လူသားအား    ဘုရားနှင့်ခြားဖို့

သွေးဆောင်ရှင်အား    ယုံမှားကာ

ရှေ့ရေးကို မမြင်    ယမမင်းကို သူခင်လေခဲ့

လှေနံနှစ်ဖက်နှင့်    ခရီးဆက်ခြင်းက

လိုရာလည်းမပေါက် မှန်မသွေဆင်း သေခြင်းချောက်

အဆိပ်သကာဖုံးသလို သင်ရိုးညွှန်းစုံကိုလည်း

ပိုင်းခြားခွဲဝေ    ယုံတတ်ပါစေ။

လူတိုင်းကိုယ်စီ    တာဝန်ရှိသိနေလျက်

ဝေကာဝါး    မပူမအေးကြားဝယ်

သင့်ကိုသင်လည်း    မလှည့်စားနဲ့

ဘုရားရှင်ကိုလည်း    မကစားနဲ့

ကယ်တင်ရှင် ယေရှုဘုရားနဲ့    ဖျက်ဆီးသူမာရ်နတ်သား

ဘယ်အရှင်ကို    ခိုကိုးလှုံ

သင့်အရေးပါ    သင်ဆိုလာလည်း

ဆုံးဖြတ်ချက်ရလဒ်မဟာ

သင့်ဘဝအတွက် ထာဝရကြမ္မာ။


Samuel Soe Lwin