
ဒီမှာ…ဒီမှာ
Globalization ခေတ်မှာ အရာရာမှာ
ငေးငိုင်ကာမနေနဲ့
တိုးတက်နေတဲ့ခေတ်မှာ
ခြေမွှေးလက်မွှေးမီးမခစေရေး
E-mail အကောင့်ဖွင့်
အရှပ်ရှစ်မျက်နှာကိုလွင့်လိုက်စမ်း
လူတကာတွေ
ဝင့်ထယ်နေချိန်မှာ
မနှေးအမြန် အကောင်အထည်ဖေါ်ဆောင်တော့တဲ့လေ…..
ဒီမှာ…ဒီမှာ
Globalization ခေတ်မှာ
အရာရာမှာမှိုင်တွေကာလေမနေလေနဲ့
ဆိုးယုတ်နေတဲ့ခေတ်မှာ
အရှက်သိက္ခာပြာပုံ၌မကျရစေရေး
Kneel-mail အကောင့်ဖွင့်
အထက်အရပ်ကိုလွင့်လိုက်စမ်း
လူတကာတွေ
ဝင့်ထယ်နေချိန်မှာ
မနှေးအမြန် အကောင်အထည်ဖေါ်ဆောင်တော့တဲ့လေ……။
အဲ့ဒီ …. စကားတွေအကြားမှာ
ငါလေဗျာမများ ရစေရေး
Line လည်းမပြတ် Connection မကျတတ်ဘူးဆိုလေတဲဘဝ
ဒုက္ခတွေလည်းမရောက်ရသလို
အရှက်သိက္ခာတွေလည်း မခစေတဲ့အပြင်
ထာဝရစိတ်ချရစေတဲ့
Kneel-mail အကောင့်ကိုသာငါဖွင့်
အထက်အရပ်ကိုသာ mail တွေလွှင့်လိုက်လေရဲ့…..။ ။
ဆယ်မြူရယ်စိုးလွင်
ဆယ်မြူရယ်စိုးလွင်