Saturday, February 6, 2010

ဘာလုပ်ရမလဲ.......?


လူတကာမေးငေါ့ ညွန်လာကြလက်ညိုး

ကဲ့ရဲ့ဝေဖန် ပေါင်းဖေါ်ရှောင်ကွင်း

ဤသို့ အခြေ ရောက်ရှိလေက

ဒေါသမဖေါက် မင်္ဂလမ်းရောက်ဖို့ 

အဘယ်သို့ ပြုရ အကျွန်သိလိုလှ ။


အကျီးတန်ကမ္ဘာ ဘယာကြီးစိုး

လောကီရာများ ၀ိုင်းရန်ထားလျှက်

ဤသို့ အခြေ ဆိုက်ရောက်လေက

တရားမဖေါက် မင်္ဂလမ်းမြောက်ဖို့ 

အဘယ်သို့ ပြုရ အကျွန်သိလိုလှ ။