Saturday, February 6, 2010

အသစ်သောရင်ခုန်သံ


တည်ငြိမ်ခိုင်မာ

သံတိုင်နှစ်လုံးသား

မင့်ရှေ့ မှာဖယောင်း

အသွင်ပြောင်းခဲ....

မင့်ရှိရက်များ

ရင်မှာလန်း၍

နိုးကြားရှင်သန်

ရင်ခုန်မှန်......

မင့်ဆိုစကား

အစဉ်ကြားမှ

ကြည်နူးသာယာ

နေတတ်သူပါ.......

မင့်တယောက်သာ

ရင်ခုန်သံသစ်

ဘ၀အလင်း

မင်းမှမင်း......။ ။