Tuesday, February 9, 2010

မေတ္တာစစ်နှင့်ချစ်တတ်ခဲ့ပြီ




နှစ်ကိုယ်အကြည့်ဆုံ

ရင်တွေခုန်ပြီး

နေစေအနား

ဖယ်သွေမသွားနဲ့ 

ဖြစ်စေဒီလိုငါ့ရဲ့အလိုအတိုင်း

နေ့မှသည်နှစ်ချီလ

ဖြစ်တ်ာခဲ့ငါ့ဘ၀ .............


လောကဓံရှစ်ပါး

ဂယက်များကြားက

ရလည်းပူပန်

လပ်လည်းမူမဟန်ဘူး

အချစ်ဆိုတဲ့ဝေါဟာရ

ငါ့အဘိဓါန်အရတော့

ဆုပ်ဆူးစားဆူး

အချစ်တွေနဲ့ ငါလေရူး ...........


ရှင်းသန့် လွန်ကြည်လင်

အဂါပေချစ်ရှင်ရဲ့

အတ္တကင်းဝေးကွာ

မေတ္တာရေကြည်ဖြာနှင့်

ကြင်နာကာယုယသမုဒယအေးမြမြမှာ

သိုးမဲဟောင်းငါ့ဘ၀အထွေထွေ

အခုတော့...........

ချစ်တတ်ခဲ့ ပြီလေ ။ ။