ထာဝရအလှ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Thursday, February 11, 2010

ထာဝရအလှ


အလှအပမက်တဲ့ညီမလေး
ဘဝပေးမလှလည်း
ဓမ္မအတွေးတွေးကာလေ
အမြဲအစဉ်
သတိရှိလေသူမို့
ဂုဏ်ယူတယ်ညီမရေ
ဆက်ထိမ်းပါလေ
ဒီအလှတွေ.......

စိတ်အလှကလေ
ပဌမလေမို့
ဘယ်သူတွေဘာပြောပြော
အပြင်အလှထက်
အတွင်းအလှတွေ
ထာဝရဝေ
လှပနေဖို့
ဒီအကိုမျှော်လင့်
ညီမအတွက်ဒီတသက် .....။


ဘယ်အဝေးရောက်ရောက်
သွေးမဖေါက်နှင့်
သွေးနီးစေညီမ......

တွေးပါလေအမြဲ
ဒီအဖေ
ဒီအမေ
ဒီအကို
ဒီအမတွေအား
ဂုဏ်ယူပါရစေ
ဝေးရပ်မြေမှမှာလိုက်တယ်လေ
ချစ်ညီမရေ ။ ။



ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages