Monday, February 15, 2010

အာရုံငါးပါးဖြင့်တိုင်းတာခြင်း


images2
နံနက်ခင်းတစ်ခုတွင် မောင်နွေဦး အိမ်နောက်ဖေးရှိ မိမိစိုက်ပျိုးထားသော ခရမ်း၊ ငရုတ် စသောအပင်ငယ်ကလေးများအား ရေလောင်းပေါင်းသင်နေစဉ်….

ငယ်စဉ်မှမိမိအား  နို့တိုက်ကျွေးခဲ့ဘူးသော ဆရာဝန်မကြီး  ဒေါ်ဝိုင်းကြည် ရောက်ချလာကာ မေးခွန်းတစ်ခု့သူ့အား မေးလေတော့သည်။
" အေးဟယ်.. နားရှိလို့သာ ကြားရတယ် ငါ့ဖြင့် ယုံတောင် မယုံနိုင်ဘူး နင်က လူတွေမှာ တမလွန်အတွက် ၀ိညာဉ်ဆိုတာ ရှိပြီး အဲ့ဒီ ၀ိညာဉ်

ကယ်တင်ခြင်း ရောက်ဖို့ အရေးကြီးကြောင်း ကိုယ်တိုင်ကိုယ်ကျ အေးအေးဆေးဆေး လက်ခံခြင်ရင်လည်း လက်ခံပေါ့၊ အခု့တော် အခြားသူတွေကိုပါ ဟော
ပြောနေတယ်လို့ကြားတယ်…. အရီးမေးပါရစေ အဲ့ဒီ ၀ိညာဉ်ကို ငါ့တူကိုယ်၌ကကော မြင်ဘူးသလားကွယ်´´
အမေးရှိက အဖြေရှိရပေမည်မို့ နွေဦး စိတ်တွင် တိုးညှင်းစွာဆုတောင်းရင် ဖြေရန် အရီးဝိုင်းကြည်အား အဖြေပေးလိုက်သည်။
" မမြင်ဘူးပါဘူ အရီး´´
" ဒါဖြင့် အသံကော ငါ့တူ ကြားဘူးရဲ့လားကွယ်´´
" အသံလည်း မကြားမိဘူးပါဘူး အရီး´´
" ကဲ့ဒါဖြင့်.. အနံအသက်ကော ရဘူးရဲ့လား ပြောပါဦး´´
" ဒါလည်း မရဘူးပါဘူး အရီးရယ်´´
" ကဲ့…ကဲ့ အရသာ အချို၊ အခါးကော မြည်းစမ်းဘူးသလားကွဲ့ ငါ့တူရဲ့ အရီးကို ပြောပြပါဦး´´
" အဲ့လိုလည်း မရပါဘူး အရီးရယ်´´
" ကိုင်တွယ်လို့ကော ရသလား ဒီတခါတော့ ပြောပါဦး အရီးတူရဲ့ ရှင်းစမ်းပါဦး ငါ့တူက ပြည်ပတွေလည်း ကောင်းကောင်း သွားဘူးတယ်ဆိုတော့
အရီးတို့ထက် ပိုသိမှာပါ ´´
" ကိုင်တွယ်ထိတွေ့လို့လည်း မရနိုင်ပါဘူး အရီးလေး ´´
" ဒါဖြင့် ငါ့တူပြောတဲ့  ၀ိညာဉ်ကယ်တင်ခြင်းဆိုတာက စိတ်အာရုံတစ်ခုတည်းဖြင့်သာ ခံစားလို့ရတာပေါ့နော်´´
" ဟုတ်ပါတယ် အရီး´´
"ဒါဖြင့် စဉ်းစားကြည့်ပါဦး အာရုံငါးပါးမှာ လေးပါးက လုံးဝ မထောက်ခံတော့ တိုးတက်နေတဲ့ ဒီနေ့ သိပ္ပံခေတ်ကြီးမှာ ငါ့တူရဲ့ ခံယူချက်က
မှားမနေဘူးလားကွယ်´´
အောင်ပွဲခံနေသော စစ်သူကြီးအသွင်ဖြင့် ပြောနေသော ကျေးဇူးရှင် နို့တိုက်မိခင်အား သူအတတ်နိုင်ဆုံး လေသံအေးအေးကလေးဖြင့် သွယ်ဝှိက်ကာ
မေးဖြေဖြေလိုက်ရန် စိတ်ကူးလိုက်လေတော့သည်။
" ဒါဖြင့် အရီးလည်း ဆရာဝန်ဆိုတော့ မေးပါရစေ ရောဂါဆိုတာကို မြင်ဘူးသလား ဖြူသလား မဲသလားပေါ့ဗျာ´´
" ရောဂါပါဆိုကွယ် ဘယ့်နှယ်မြင်၍ ရပါ့မလည်း´´
" ဒါဖြင့် အသံကော အရီး´´
"ဘာထူးမှာလည်းကွယ် ဒုံးရင်း ဒုံးရင်းပေါ့ နားနှင့်တော့ အသံမကြားနိုင်ပါဘူး ´´
" နောက်ပြီး အရသာကိုကော  ရောဂါအလိုက် အချို၊ အချဉ်၊ အဖန်၊ အခါး ဆိုပြီးမြည်းစမ်းလို့ရမလားဗျာ´´
" ဘယ်ကသာကွယ် ပေါက်ပေါက်ရှာရှာ ငါ့တူနှယ်´´
" ကိုင်တွယ်၍ ပြသလို့ကော ရနိုင်ပါသလားဗျာ´´
" ဒါလည်း ရှိုးကြည့်နှင့် ငုံကြည့်ပေါ့ကွယ်´´
"မွှေးသလား၊ နံသလားကော အရီး´´
" ငါ့သက်တမ်း တလျှောက် မတွေ့ဘူး မကြားဘူးပါဘူးကွယ် ငါ့တူရယ်´´
" ခံစားလို့တော့ဖြင့် ရတယ်နော်အရီး ´´
" ဟယ် ငါ့တူနှယ် ဒါတော့ ကောင်းကောင်း ရတာပေါ့´´
" ဒီလိုဆိုရင် အရီးလေးပြောသလို လူနာတွေက အရီးလေးကို ကျွန်တော်၊ ကျွန်မမှာ ဘာရောဂါမှ မရှိပါဘူးဗျာလို့ လာပြောရင် ဘယ်နှယ့် အဖြေပေးမလည်း
ဆိုတာ ကျွန်တော် သိပါရစေ အရီးလေး´´
သူ၏ စကားအဆုံးမှာတော့ ဆရာဝန်မကြီး ဒေါ်ဝိုင်းကြည်သည်  အဖြေမပေးတော့ပဲ အတန်ကြာကြာသည့်တိုင်အောင် တွေဝေနေရင်း၊ တီးတိုးပြောလိုက်သည်
ကိုတော့ဖြင့် သူကောင်းကောင်းကြားလိုက်ရသည်၊
ထိုစကားကတော့ဖြင့်…..
" အေး…….. ဒါလည်းဟုတ်တာပါပဲလေ´´
ဓမ္မအဆွေများ ဘ၀အမောပြေ၍ အစဉ်ခိုင်ခန့်နိုင်ကြပါစေ။

Samuel Soe Lwin