အပြောအဆိုယဉ်ကျေး
နေထိုင်တာစိတ်အေးမှ
မြင်သူရင်အေး
ရှုတိုင်းငေးသည်
မြန်မာအလှ
သဘာဝကျ
လူတိုင်းလူတိုင်း
သဘောကျ...
အပြောကမချို
နှုတ်မူပိုတော့
မြန်မာဆိုလည်း
အပိုပဲလေ
လက်တွေ့မပါ
အာလူးသာမို့
ရောက်ရပ်မှာလေ
မြန်မာပေဟု
မဆိုလေနှင့်
လူတွေအတင်း
ဆိုလေခြင်းက
မြန်မာမဆန်
မင့်ရဲ့ဟန်ကြောင့်....
တွေး၍သာကြည့်
အစဉ်သတိ..
လူတွေအပြော
ဂုဏ်တင့်နှောဖို့
မြန်မာပီစေ
မြန်မာမလေး
ချစ်သူရေ....။