အသက်တရာမနေရလည်း
အမူတရာကြုံရ
စကားပမာ
ဆိုစာခိုင်းနှိင်း
လူတိုင်းတွေ့ ကြုံ
ဖြုံသူဇြုံလျှက်
ထုံသူကားထုံ
တဖန်ငါကား
မြတ်ဘုရား၌
သုခဖြာရာထောင်လိုပုံ ။
လူကြံလျှင်ဘာခံနိုင်မလဲ
လိုလျှင်ကြံဆနည်းလမ်းရမယ်
လိုတာဖြစ်စေ
ငါတွေဝေလျှက်
ပစ်ပယ်ဘုရား
ကားသူကားလျှက်
ပြားသူကားပြား
ငါကားမဖြုံ
ရှင်မြတ်ဂုဏ်ဖြင့်
လိုရာတွေကအမှန်အသင့်။ ။
ဆယ်မြူရယ်စိုးလွင်