Tuesday, February 9, 2010

အောင်မြင်ခြင်းသို့ ရောက်လိုလျှင်



အတ္တမျက်မှန်ထူထူနဲ့ 

လောကကိုဘောင်ခတ်ယူလျှင်တော့

လူဘ၀ဟာ ....

လော၊ဒေါ၊မော ဇာတ်တွေနှောယှက်

ရခဲဒီဘ၀ ဒုက္ခကဗလပွ။


အတ္တမျက်မှန်ကိုခွါချွက်ပြု

လောကကိုမှန်စွာရူတော့

လူဘ၀ဟာ.....

ယာယီတဒင်္ဂ နှုင်းမြူအမျ

ရှင်သန်လူပ်ရှား ခရီးသွားမို့ 

စာနာကိုယ်အမျက်သောက။


" ကြည့်တတ်လျှင်မြင် ရူတတ်လျှင်ဘ၀င်ကြည်တဲ့"

နိယာမကို လိုဘအသွင်မြင်လိုက

အတ္တမျက်မှန်အား ချွတ်ပယ်ထားမှ

ဘ၀ဖြစ်စဉ် ရွှင့်မြလွင်တင့်

အောင်လံထူရေး လွယ်လွယ်ကလေး ။ ။