ချစ်စရာမျက်ဝန်းတစုံ
ဖေမေ့အပေါ်မှာအာရုံကျ
စောင့်ကြည့်နေနေ့ ညမပြတ်ပေါ့ .....
ချစ်စရာနားတစုံ
ဖေမေပြောသမျအာရုံကျ
မှတ်သားနေကြားနေသမျကိုပေါ့.....
ချစ်စရာလက်တစုံ
ဖေမေလုပ်သမျလွန်အားကျ
ဆောင်ရွက်လိုလှမြင်တွေ့ သမျပေါ့....
နူနယ်တဲ့မျက်ဝန်းအစုံ
ဖေမေလုပ်သမျ
အမှန်တွေဟုကောက်ချက်ချ....
နူနယ်တဲ့နားအစုံ
ဖေမေလုပ်သမျ
အကောင်းတွေဟုကောက်ချက်ချ....
နေ့ ညဥ့်မပြတ်
လုပ်ဆောင်ပြောဆိုနေသမျ
ရင်သွေးတွေကစံအဖြစ်ယူဆ......
ဖြူစင်ရင်သွေးအိပ်မက်ချိုချို
ဖေမေပြုသမျလွန်အားကျသည့်
တနေ့ ဧကန်အမှန်ရောက်ရမည့်ဖေမေ့ခြေရာ ။ ။
ဆယ်မြူရယ်စိုးလွင်