အဝေးရောက်သူခြင်းမှာ
အတွေးရောက်တာခြင်းမတူပေမဲ့
တူညီညာ အမြင်ခြင်း
ရင်တွင်းမှာ ဖွဲ့တည်အမြစ်စွဲခဲ့လျှင်ဖြင့်
မိုင်ပေါင်းရာထောင်ချီ
အလွှာတွေ အထပ်ထပ်တည်နေပါလျှက်
တွေ့ဆုံနိုင်ရေး
အလွယ်ကလေးပါ ။
ဘ၀ပေးအခြေအနေ
ရရှိတာခြင်းမတူကွာပေမဲ့
စေတနာ အကြင်နာခြင်းတူညီ
နှလုံးသားခြင်း တူညီခဲ့မယ်ဆိုလျှင်ဖြင့်
တံတိုင်းကာရံ
စည်းကာရန်လည်း
ပြန်ပေါင်းစည်းရေး
အလွယ်ကလေးနော်။ ။