Tuesday, February 9, 2010

နီးနီးလေးမှာသာနေ




ခေတ္တသက်ရှင်

ဤမြေခွင်ထက်

နေထိုင်လှုပ်ရှား

ဒို့ လူသားတို့ 

တွေးဆသက်ရှင်

ချိန်ဆလျှင်ကား

ယာယီခေတ္တ

မနုဿမို့ 

တွေမနေသင့်

နောင်ရွှေအတွက်မို့ 

သတိသမ္ပဇဉ်

ရွှေညာဏ်စဉ်ဖြင့်

နေထိုင်သွားလာ

မြတ်သမ္မာဖြင့်

မယွင်းမဖေါက်

သဒ္ဒါပေါက်မှ

ကင်းဝေးကြမ္မာ

ဘေးရန်ကွာ၍

အမတနန်း

ရွှေသိုက်န်းမှာ

ဘေးဘယာကင်းဝေး

နေစိမ့်အရေးမို့ 

မြတ်စိန္တေအား

မေ့မထားနှင့်

မပြတ်အမြဲစဉ်

သတိယှဉ်လျှက်

နီးနီးသာနေ

ဓမ္မအဆွေ......။ ။