Home » » ရင်ထဲကလွန်ဆွဲပွဲ

ရင်ထဲကလွန်ဆွဲပွဲ



 
 
 
 
ဒုက္ခ......ဒုက္ခလို့
လူတွေပြောကြတော့
ဒုက္ခကဘာလည်း
မေးခွန်းတွေတွဲ
" ကာယဒုက္ခ၊စိတ်ဒုက္ခတဲ့"

ဒုက္ခနှစ်သွယ်
ဖွင့်ဆိုလွယ်လည်း
အိုတာလည်းဒုက္ခ
ပျိုတာလည်းဒုက္ခ
သေခြင်းလည်းဒုက္ခ
ရှင်ခြင်းလည်းဒုက္ခ
လိုတာရလည်းဒုက္ခ
လိုတာမရလည်းဒုက္ခ
ဒုက္ခ... ဒုက္ခတွေ
တွေးလျှက်မကုန်
ရေးလည်းမကုန်လေဘူး။

ငါလည်းလေလောကီသားမို့
ဒုက္ခကိုမလိုချင်
ဒုက္ခငြိမ်းရာ
လမ်းစဉ်ရှာတော့
ဒုက္ခတကယ်ကင်းဖို့စို
ဆန္ဒကိုငြင်းပယ်လေမှနော်တဲ့
အခုတော့ရင်မှာ
ကျွန်တော့် ဖြစ်အင်မဟာက
ဒုက္ခနှင့်ဆန္ဒအကြား
လွန်ဆွဲပွဲကလေးတည်လျှက်ပါကလား ။ ။


ဆယ်မြူရယ်စိုးလွင်


Facebook

အကြိုက်များသောပို့စ်များ

ယေရှုရှင်အား တိုင်တည်ခြင်း

  အာဝဇ္ဇန်းရွှင်ရွှင် ဥပမာဥပမေယျတွေဖြင့်  ဟောပြောသွန်သင်  အလွှာခွင်ဆင့်စုံတို့  သဘောပေါက်နားလည် လက္ခံလွယ်ကျင့်သုံး  အကျိုးကျေးဇူးရာထောင်  က...

 
Created By Samuel Soe Lwin | Distributed By Grace Church-Yay Tho