Saturday, February 6, 2010

မေ့ပါနဲ့ လေ


တွေ့ ကြုံဆုံကွဲ

ဖြစ်မြဲဓမ္မတာ

မကွယ်နေ့ ည

ပျက်သုဉ်းရသည်

မြူနှင်းအလား

ဘ၀ရယ်မခြား.....

ကျား၊မမခွဲ

အိုနာရမြဲမို့ 

ဆေးဝါးသုံးစေ

မကယ်လေဘူး

အမှန်ဤခန္ဓာ

ယိုယွင်းရမည်ပါ......

နင်ငါဒို့ လည်း

ထို့ အတူပဲမို့ 

နုနုဖြူဖြူ

ကြွားဖို့ မလိုဘူး

နင်ငါအခြေက

အမှန်သင်္ခါရ.....

သဘာဝအလိုကို

ကြုံရမည်မသွေမို့ 

နိမ့်ခြည်မြင့်ခြည်

ခွင့်ရယ်ကြုံလည်း

ဘ၀ယာယီ

မမေ့သင့်ပြီ ။ ။