Thursday, February 11, 2010

သွေးသက်သေ






 







အမေကောင်းမကောင်း

အတင်မလောင်းနဲ့ 

သွေးသားနဲ့ ယှဉ်

ဖွားသန့် စင်၍

ငါ့အားသူမွေး

အသက်ပေးလျှက်

ငယ်စဉ်မှပင်

မငြိုညင်ဘဲ

လမ်းပြပဲ့ ပြင်

သမ္မာခွင်ထက်

မမှားလေအောင်

သူပို့ ဆောင်သည်

မေမေ့ကျေးဇူး

ဆပ်ခွင့်ထူးမို့ 

ဘယ်သူတွေဘာပြောပြော

အမေ့စိတ်အမေ့မနောကိုဖြင့်

ငါလေသိမြင်

အဆုံးခွင်သည့်

ငါ၏မေမေ

အလွန်ကောင်းလျှက်ပါလေ ။ ။





ဆယ်မြူရယ်စိုးလွင်