သားအားချစ်ကာ မြဲသစ္စာဖြင့်
နေ့ ညအမြဲ ဖေးကူတွဲကာ
သမ္မာတရား စဉ်လေးထားလျှက်
သွန်သင်ပဲ့ပြင် ပြုခဲ့စဉ်မို့ 
ရေမြေရယ်ခြား ဝေးကွာငြားလည်း
မမေ့မေတ္တာ အမေ့သစ္စာအား
ဦးထိပ်ပန်ဆင် သတိဖြင့်ယှဉ်၍
ဥာဏ်မြေကတုတ် အစဉ်ဦးတုပ်သမို့ 
ဘေးရန်ရယ်ဝေးကွာ အမေ့သားလေအောင်ဆုပန် ။ ။
ဆယ်မြူရယ်စိုးလွင်