လှေငယ်ရှင့်ခေါ်သံ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 15, 2010

လှေငယ်ရှင့်ခေါ်သံ


 
မိုးသက်ကယ်နှင် လှိုင်းလေကကြမ်း
ဘဝလှေလူးလွန့် မမြပ်နစ်ဖို့
ကြိုးစားတက်ခတ် မပြတ်ဘယ်ညာ
လျှပ်လက်တိမ်ယံ ထက်ခြုံးသံကြား
တက်ငယ်ကျိုးပျက် သွားပါစေလေ ။

တက်ကျိုးလည်း လက်ထိုးလှော်မယ်
ဘဝမာန် ဘယ်ခါ မလျော့ဘူး
သခင်ပေး တဲလင့် (Talent ) ကို
ဆူး စောက် နေရာ မှန်စွာရယ်သုံး
ယုံကြည်နာခံ လှော်ခတ်မည်လေ ။

ဝဲလက်ယာ အကျဉ်းအကြပ် မှန်သမျှ
စိတ်ဝယ်တေးမှတ် ပြတ်မလပ်
"ဘဝဟူသည် တိုက်ပွဲပေတည်း"
သွေးသားအာရုံ ချီလာစစ်နဲ့
ဖုံးလွှမ်းသကာ မာယာစစ်
စသည် စသည် ရှိပါစေတော့
သို့တစေ တို့တတွေကား
ဇာတိစစ်ပွဲ ဝင်မနွှဲ ။

ဧဖက်မြို့ကိုအရောက် စက်လက်နက်ကိုဝယ်
ဦးဆံမှ ခြေဖျား ပိရိမြန်းဆင်
"သေလျင်မြေကြီး ရှင်ရွှေထီး"လည်း
ပြောဖို့မလို သိဖို့သာ လို၏
ရွှေထီးသည် အရန်သင့်ပေမို့
နောက်မတွန့်ရန်အရေး
ဇာတိဖောင် အလျဉ်းဖြိုကာဖျက်လို့
ရန်မာန်စွယ် ကျူငုတ်သို့ရှင်း
ညာသံပေး တွဲလက်ချီ
ဘဝင်္ဂညံ အောင်သံ ဟစ်မှုကြား
ဝိညာဉ်အောင်လံ လွင့်ထူကြစို့ ။ ။


(အခြေပြ - ဖိလိပ္ပိ ၃း၁၃၊ ၂တိ ၄းရ၊ ဧဖက် ၆း)


ဆယ်မြူရယ်စိုးလွင်



No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages