Tuesday, February 9, 2010

သင်ဟာအချစ်လားအမုန်းလား





အချစ်ကိုမြင်ချိုန်


အပြစ်ဆိုတာမတွေ့ 


ထွေးပွေးယုယ


ရင်ဝယ်အပ်လျက်


အမုန်းရိပ်မသမ်းလို


ခွဲခွါစကားလည်းမကြားလို


ဒီမြေမှာသူသာလျင်


လူစဉ်စစ်ပါဘဲ


အချစ်စွမ်းအား


အံ့ဖွယ်တပါး။




အပြစ်ကိုမြင်ချိုန်


အကောင်းဆိုတာမတွေ့ 


အာဂါတထုက


ရင်တွင်းမှာလှိုင်းအုံကြွလျက်


မျက်နှာကိုမမြင်လို


အသံစကားလည်းမကြားလို


ဒီမြေမှာသူသာလျင်


ဂြိုလ်ဘုရင်ပါဘဲ


အမုန်းစွမ်းအား


အံ့ဖွယ်တပါး။




ကဲ့........


အမုန်းနဲ့ အချစ်


သင့်ရင်မှာရှိနေလျက်မို့ 


သင့်ဝဲလက်ယာ


လူထုမဟာအတွက်


သင်ဟာအချစ်လားအမုန်းလား ။ ။