Thursday, February 11, 2010

မမေ့နိုင်သောနေ့ကလေး





မှတ်မှတ်ရရ
လေပြည်ညှင်းက ဝှေ့ကာဝှိုက်ကာ
ရင်ကိုအေးမြ
လွမ်းတသသ
လှုံဆော် သူပြော
ချစ်သောသူ၏ မေတ္တာသဘော.......

တိတိကျကျ
တေးငှက်ငယ်က တီးတိုးဆိုလာ
သဲဘ၀င်လှိုင်းထ
မြူးရွှင်ပြရန်
အသေအချာပြော
ပြောင်းလဲခြင်းကင်းသည့် ချစ်သူ့သဘော.....

ဒီတနေ့
ရင်ထဲမှာတည်ရှိ
ကန္တာစိမ်းလန်း
နဒီခန်း၍
မြစ်ကမ်းသောင်ယံ
ကြာပွင့်ပြန်လည်း
ငါကား မမေ့နိုင်
ယနေ့ထက်တိုင်။ ။