ကာလအခိုက် အလွမ်းတွေပိုက်
တွေးဆွေးမနေ လုံးလတွေဖြင့်
နေ့ နေ့ ညည အတိုးချကာ
အချိန်ရယ်တန် ပြန်မည်အမှန်......
ဘ၀ပေးကြောင့် စိတ်မကြောင့်ဘဲ
ခရီးအဝေးမှာ ပညာရှာမှီး
ကြိုးစားသင်အံ ချိန်မှန်စွာဖြင့်
ကာလရှည်ကြာ ပြီးဆုံးပြီသေချာ......
ဆန္ဒတွေပြည့် အလွမ်းတွေပွေ့ လျှက်
အဝေးရပ်မှအပြန် စိတ်ကတကယ်ထန်
ရင်မှာသိုလာ ကြင်နာလွာများ
မင့်နဲ့ တွေ့ မှအတိုးချ အလွမ်းတွေဖြေမည်ပ ။ ။