Saturday, February 6, 2010

ဝေးကြမှလွမ်းတာလား


အတူတူနေစဉ်

စကားပင်ခွန်းတုန့် မဆို

နေပုံကတွန့် ဆုတ်ဆုတ်

ဟန်ပန်ထုတ်တဲ့မင့်သရုပ်

အခုများ....

အချိန်တွေခြား

နယ်ကွာခြားမှ

လွမ်းတယ်လို့ မင့်ဆို

အပိုဘဲ

ဟန်ဆောင်ကဲကာ

ရွှေသာလိရယ်

မင့်မငိုလေနဲ့ ......

အတူတူနေစဉ်

အကြည့်ပင်မင့်မဆုံ

ရှောင်ပုံကမဟုတ်တရုတ်

ဟန်ပန်များတဲ့မင့်ဖြစ်သရုပ်

အခုများ

မတွေ့ ရသေခြာ

ပြန်မဆုံအချိန်ကြား

သတိယတယ်မင့်ဆို

အပိုဘဲ

ဟန်ဆောင်ကဲကာ

ရွှေသာလိရယ်

မင့်မဆိုလေနဲ.....။ ။