Saturday, February 6, 2010

မြတ်ဆရာ


မလင့်မှန်စွာ သင်ခါပို့ ချ
က မှ အ အဆုံး မေတ္တာသုံးလျှက်
သင်ပေးလက်ထပ် စနစ်ကပ်စေ
ခြောချီခြောက်ချီ နည်းအလီလီဖြင့် 
တပည့် သားမှာ ပညာဖြာ........

နေ့ ရက်စဉ်သွန်သင် မှားခဲ့လျှင်ပြင်၍

စိတ်ရှည်သီးခံ ကရုဏာမှန်ဖြင့်

ညီရင်းသွေးသား ပမာထားကာ

ကြိုးပန်းအတည် ပြုခဲ့အလီလီမှ

တပည့်သားမှာ စာရိတ္တာဖြာ........

မပြတ်အားပေး နှိုးဆော်ဖေးလျှက်

ချိန်ဆတွေးကာ မျော်မြင်လာဘို့ 

ဘ၀တန်ဘိုး ချစ်မြတ်နိုးဘို့ 

အလေးထားကာ ပြောခါခါက

တပည့်သားမှာ ပန်းတိုင်ဖြာ.........

ဆရာ့ စွမ်းရည် ထွေထွေသည်ကြောင့်

တပည့်သားမှာ အောင်မြေသာဆဲ

ဦးညွတ်ရိုကျိုး ကြည်ညိုတိုးလျှက်

နှလံးထက်တွင် မှတ်တမ်းတင်၏

တုနှိုင်းမဲ့စွာ အို...မြတ်ဆရာ ။