Saturday, February 6, 2010

ငယ်ချစ်ဆွေ


ဝေးကြတော့မယ်

ခွဲရတော့မယ်ဆိုရင်ဖြင့်.......

ကျား၊မမရှိ

အာရုံအသိက

နာကျဉ်ရင်ထဲ

ခံခက်ခဲလေ

ဘယ်သို့ ပင်အပြုံး

ဟန်ဆောင်ဖုံးလည်း

သဏ္ဍာန်ရုပ်သွင်

မပီပြင်သမို့ 

ဟန်မဆောင်နဲ့ လေ

ငိုလိုက်ပါအဆွေ ။

နီးကြတော့မယ်

ဆုံးဆည်းရတော့မယ်ဆိုရင်ဖြင့်.....

သောကမရှိ

အာရုံအသိက

ပျော်ရွှ့င်ရင်ထဲ

ဘ၀င်လှိုင်ခဲဝေ

ဒုက္ခပင်ကြုံ

မိုးမှောင်ပင်ဆုံလည်း

အမှန်စိတ်ရွှင်

မြဲကြည်လင်သမို့ 

အူလှိုက်သည်းခြေ

ဝမ်းမြောက်လိုက်ကွယ် ငယ်ချစ်ဆွေရယ် ။ ။