Home » » မေးပါ...ဖြေပါ

မေးပါ...ဖြေပါ








 
 
တချို့ကမေးလာ.....
နင်ဟာလေချစ်တတ်ရဲ့လား
မမေးပါနဲ ့လေ
မဖြေခင်ငါကြိုမြင်တာက
ဘယ်လိုအချစ်
နင့်လိုတဲ့အဖြစ်လည်း
မေးပါရစေ...အိုအဆွေ ......

တချို့ကမေးလာ
နင်ဟာလေကြင်နာတတ်ရဲ့လား
မမေးပါနဲ့လေ
မဖြေခင်ငါကြိုမြင်တာက
ဘယ်လိုအကြင်နာ
နင်လိုချင်တာလည်း
မေးပါရစေ...အိုအဆွေ...

တချို့ကဆို
နင်ဟာလေခွကြကြ
ပြောပါနဲ့လေ
မဖြေခင်ငါကြိုမြင်တာက
ဘယ်လိုလူမျိုး
နင်အလိုချင်ဆုံးလည်း
ပြောလှည့်ပါလေ...အိုအဆွေ ။ ။


ဆယ်မြူရယ်စိုးလွင်

Facebook

အကြိုက်များသောပို့စ်များ

ယေရှုရှင်အား တိုင်တည်ခြင်း

  အာဝဇ္ဇန်းရွှင်ရွှင် ဥပမာဥပမေယျတွေဖြင့်  ဟောပြောသွန်သင်  အလွှာခွင်ဆင့်စုံတို့  သဘောပေါက်နားလည် လက္ခံလွယ်ကျင့်သုံး  အကျိုးကျေးဇူးရာထောင်  က...

 
Created By Samuel Soe Lwin | Distributed By Grace Church-Yay Tho