Saturday, February 6, 2010

ရောက်ရာအရပ်မှပြန်လာပါ

အပေါင်းအသင်းမှား

အကြောင်းအရင်းများကြောင့်

အမွေခွဲဝေ

သူတောင်းတောင်းလေရဲ့

အဖရှိရတနာ

သူဘဏ္ဍာဟု့ 

သားငယ်မသိလေရော့ သလား.....

ရင်အစုံကို

ခြေစုံကန်ထွက်

ပျော်ပါးပေတေ

ချစ်သားငယ်ရေ

ရေရည်အတွက်

အဖေ့ဗျာပါတလှစ်လှစ်

သားငယ်မတွေးမိလေသလား.......

အဖမေတ္တာ

ဆုန်ရေအလွှာမို့ 

ခွင့်လွတ်ကြည်ဖြူ

ဗွေမယူဘူး

ရွှေရင်မအေး

ဖန်ဖန်တွေးလျှက်

မခြားနေ့ ည

လက်ကမ်းလင့်နေ

သားပြန်လာမည့်

ထိုအချိန် ။ ။