နှစ်သွယ်လမ်း - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, February 15, 2010

နှစ်သွယ်လမ်း


စွမ်းအားဓန ပြည့်ဝစုံလင်
ကြီးငယ်အမှု    အမှန်ပြုလည်း
ဘုရားစကား နောက်ဝယ်ထားက
မာနဖားနွား အပြစ်သားဟု
ကျမ်းမြတ်ကဆို ထိုထိုသူအတွက်
ရှောင်လွဲမဖြစ် နေရာစစ်က
ပြန်လမ်းမရှိ ဒုက္ခအတိနှင့်
မီးမငြိမ်းပိုးမသေ ငရဲသားတို့စံဌါနေ။

ကြီးငယ်မခွဲ ယုတ်မြတ်မဆို
ဘုရားစကား ရင်ဝယ်ထား၍
ဖြစ်စဉ်အရှိအတိုင်း ရိုသေကိုင်းက
ရင်၌ ဖြစ်ပွား ဘုရားသားဟု
ကျမ်းမြတ်ကဆို ထိုထိုသူအတွက်
ရှောင်လွဲမဖြစ် နေရာစစ်က
ဆင်းရဲမရှိ သုခအပြည့်နှင့်
ဘယာငြိမ်းမြေ ကောင်းကင်သားတို့စံဌါနေ၊


Samuel Soe Lwin





No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages