Tuesday, February 9, 2010

မချစ်လို့မတော့ မဟုတ်ပါလေ











လူသားရေ အဖြုကိုအမဲ

သင်စိတ်စွဲတော့ ငါငြင်းဆန်တာ

မချစ်လို့မတော့ မဟုတ်ပါလေ။


လူသားရေ အမှန်ကိုအမှား

သင်ပြောကြားတော့ ခေါင်းမငြိမ့်တာ

မချစ်လို့မတော့ မဟုတ်ပါလေ။


လူသားရေ သင်ကြိုက်ရာလမ်း

သင်ဆက်လှမ်းတော့ မတားခဲ့တာ

မချစ်လို့မတော့ မဟုတ်ပါလေ။


လူသားရေ ချစ်လွန်းလို့

အပြစ်မယူ အရာရာငါကြည်ဖြူလည်း

သင့်ကိုချစ်တာ ယုံစမ်းပါ

အပြစ်ကိုမချစ်တာလည်း သိထားပါ၊၊ ၊၊