Tuesday, February 9, 2010

သခင့်ရဲ့အနီးဆုံးလေးမှာ



သောကတွေဝေ ဆီးနှင်းတွေထူထဲ

ဘယ်လိုပင်ကြုံကြုံ ဘ၀ရယ်ဖုံစေတော့

ဘာကိုမှမတမ်းတ ရင်မှာလိုချင်စမ်းတာက

သခင်ရယ်.....နီးနီးလေးမှာသာနေပေးပါ......

လောကကြီးကမှောင် လူတွေကပြောင်လှောင်

ဘယ်လိုပင်အကျည်းတန် လောကရယ်ဖန်စေတော့

ဘာကိုမှမခင် ရင်မှာလိုချင်စမ်းတာက

သခင်ရယ်.....နီးနီးလေးမှာသာနေပေးပါ......

အခြေအနေတွေမပေး အခက်အခဲတွေထွေးလျှက်

ဘယ်လိုပင်ဆိုးစေ အဆိုးတွေထပ်ဖန်စေတော့

ဘာကိုမှငါမမြင် ရင်မှာလိုချင်စမ်းတာက

သခင်ရယ်.....နီးနီးလေးမှာသာနေပေးပါ......။ ။