ခွင့်လွတ်ပါ သခင် - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Tuesday, February 9, 2010

ခွင့်လွတ်ပါ သခင်


အကောင်းဆုံးတွေပြုပေမဲ့
အကောင်းဆုံးတွေက
အဆိုးဆုံးတွေဖြစ်လာတော့
အားငယ်ကြေကွဲ
ဖြစ်ရမြဲမို့
သခင်ရယ်လေ
ခွင့်လွတ်ပါလေ.......

အကောင်းဆုံးတွေပြောပေမဲ့
အကောင်းဆုံးတွေက
အဆိုးဆုံးတွေဖန်စေတော့
ရင်မှာကြေကွဲ
မျက်ရည်ဝဲကာ
ဖန်လာအခြေ
ဖြေမဆည်လည်း
သခင်ရယ်လေ
လမ်းပြလှည့်ပါလေ......

အကောင်းဆုံးကြုံပေမဲ့
အကောင်းဆုံးတွေက
အဆိုးဆုံးတွေထွက်လာတော့
ပန်းတိုင်လည်းကုန်
အကြံကုန်ရော့
မဖြစ်မနေ
သခင်ရယ်အနီးမှာနေ
ကူမလှည့်ပါလေ....။
 
 
ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages