Saturday, February 6, 2010

ယခုလုပ်ဆောင်ကြပါစို့ 


လုပ်ဆောင်ရန်ရှိပါက

ယခုပင်လုပ်ဆောင်ပါစို့ 

ဒီကနေ့ မိုးသားတွေကင်းစဉ်ကြည်လင်နေလေရဲ့ 

မနက်ဖန်တိမ်တိုက်တွေဖန်လာနိုင်သလို

"မနေ့  "ဆိုတာလည်းဒို့ အတွက်မဟုတ်လေတော့

ယခုပင်လုပ်ဆောင်ပါစို့ ။

သီဆိုရန်ရှိပါက

ယခုပင်သီဆိုကြပါစို့ 

ကြည်လင်တဲ့တေးတွေပျန့် လွင့်

ကျေးငှက်ငယ်ကျူးဧသလိုပဲ

နေ့ ရက်တိုင်းသံစဉ်လိုင်းတွေ့ ပြည့်ဖို့ 

ယခုပင်သီဆိုကြပါစို့ ။

အကြင်နာစကားရှိပါက

ယခုပင်ပြောကြားပါစို့ 

မနက်ဖန်ဆိုတာဒို့ အတွက်မသေချာလေတော့

အခွင့်ရှိစဉ်ကြင်နာအမူတွေပြု့ 

မေတ္တာဟာသိုသိပ်လို့ မထားသင့်သမို့ 

ယခုပင်ပြောကြားပါစို့ ။

ရွှင်ပြမူရှိပါက

ယခုပင်ပြုံးပြပါစို့ 

ပန်းမာလာတွေပွင့်လန်းနှလုံးတွေရွှင်လန်းစေရေး

ခွဲခွါချိန်မလာမီကလေး

ဒို့ ရဲ့ပျော်ရွှင်မူအားမိတ်ဆွေများသိဖို့ 

ယခုပင်ပြုံးပြပါစို့ ။ ။