Tuesday, February 9, 2010

အိမ်သို့ အပြန်လမ်း





အဝေရောက်သား အိမ်မျော်ကာလွမ်းတိုင်း

တွေးကာဆွေး ကြားယောင်သေးရဲ့

သြော်....ချစ်သားငမောင်

ကြိုးစားပါကွဲ့  တမူထူးအောင်

ရပ်ရေးသာယာ မြင်လိုပါသတဲ့.......


အဝေရောက်သား စာသင်ကြားတိုင်း

ကြိုးစားကာမနှေး အားစိုက်သွေးလျက်

သြော်...ချစ်တဲ့မေမေ

ဂုဏ်ယူမဆုံး ရွှင်ပျော်ပြုံးဖို့ 

လုံးပမ်းစွမ်းဆောင် ကြံတိုင်းအောင်.......


အဝေရောက်သား နှစ်ကုန်ငြားတော့

မေမေ့မေတ္တာကြွေး ဆပ်လိုသေးရဲ့

သြော်...ဘ၀အခြေပေး

ကျေးဇူးစွမ်းကုန် ဆပ်ခွင့်ကြုံဘို့ 

သားမောင်စိတ်ရည်သန်း အိမ်အပြန်လမ်း။