ပညာနို့ ရည် တူကာယှဉ်သုံး
ဖေးကူမစ မေတ္တာပြလျှက်
ကြိုးစားသင်အံ ချိန်မှန်စွာဖြင့်
မင့်ပုံရိပ်များ ငါမမေ့နိုင်အား ။
စာသင်သားဘ၀ လိုကြောင့်ကြချိန်
ခွန်းချိုအားပေး ယိုင်းပင်းထွေးလျှက်
လမ်းပြဦးဆောင် ပန်းတုံးအောင်ထိ
မင့်ပုံရိပ်များ ငါမမေ့နိုင်အား ။
ကျောင်းပြီးမင့်ငါ နယ်မြေကွာလည်း
မြင့်မြတ်စိတ်ထား လွန်ရိုးသားတဲ့
မင့်သွင်သဏ္ဍာန်များ ငါ့နလုံးသားမှာ
သက်ရှင်နေဆဲ ယနေ့ တိုင်ပဲလေ ။ ။
ဆယ်မြူရယ်စိုးလွင်